အပိုင်း ၄

975 181 7
                                    

Unicode Version

အခန်း ။ ၄

နောက်တစ်ကြိမ် သူ့အပြောကိုတောင် မစောင့်လာတော့ပဲ ယွိချီရှောင်တစ်ယောက် သူ၏တောက်ပြောင်ပြောင်ဓားရှည်အားဆွဲထုတ်ကာ ရွှေရောင်အလင်းတန်းများနှင့်အတူ ခွန်အားပြည့်ဓားသမားတစ်ဦး၏ ထိုက်ကျီပါးကွ အကွက်သုံးပြီး ပတ်ဝန်းကျင်အရပ်မျက်နှာအသီးသီးသို့ ကျယ်လောင်စွာ ဖောက်ခွဲလိုက်ပါ၏။

[T/N - ထိုက်ကျီပါးကွ ဆိုတာ တရုတ်ကားတွေမှာ ဝုန်းခနဲ ပေါက်ကွဲသွားပြီး လူတစ်ယောက် ဆံပင်လေတဖြူးဖြူးနဲ့ အဲ့ဒီနေရာမှာပေါ်လာတဲ့ အကွက်လေ..မျက်လုံးထဲပေါ်တယ်မလား]

ဝုန်း!!!

မင်းသားစံအိမ်တော်တစ်ခုလုံးလည်း ငလျင်တစ်ခုအသွင် မြေပြင်တစ်ခုလုံး တသိမ့်သိမ့်တုန်လှုပ်သွားရပြီး လေ၏တွန်းအားကြောင့် ကုန်းဝေ့တစ်ယောက်လည်း အိပ်ရာထက်သို့ လဲကျသွားရ၏၊ ယွိချီရှောင် ဒေါသတကြီးအော်ပါလေသည် " နောက်တစ်ခါဆို မင်း ဒါမျိုးမြင်ရင် ငါ့ အမြန်ပြောပါ့လား! ဘာလဲ မင်းက ငါ့ သေစေချင်နေတာလား?"

ကုန်းဝေ့ အာခေါင်ခြစ်သံဖြင့် ပြန်ခံပက်လာ၏ " ကျွန်တော်လည်း မပြောခင် သတိပြုမိအုံးမှကိုး? ခင်ဗျားတို့လို ဓားသမားတွေက သိပ်ရိုင်းတာပဲ!!!"

ပတ်ဝန်းကျင်တစ်ခုလုံး အုတ်ခဲစများ ကျောက်တုံးစများမွစာကြဲသွားသည်၊ ယွိချီရှောင်မှာတော့ တစ်ချက်တောင်ပြန်မကြည့်လာတော့ပဲ ပဥ္စလက်ဆန်ဆန် အဆောင်လက်ဖွဲ့ရှစ်ခုအားထုတ်ယူလိုက်ပြီး လေထုအတွင်း ရွှေအိုရောင်ဟုန်းဟုန်းတောက်နေသော မီးတောက်တစ်ခုအဖြစ်သို့ ပြောင်းလဲလိုက်ကာ စွမ်းအင်များဖြန့်ကျက်ရင်း ကြီးမားသောကွန်ရက်တစ်ခုအား ဖန်တီးလိုက်၏။

ဘာမှမရှိဘူး?!

ပြီးသော် သူ၏စွမ်းအင်ပိုက်ကွန်နှင့် ဓားမှအလင်းရောင်များ ပျောက်ကွယ်သွားခြင်းကြောင့် ယွိချီရှောင်၏ မျက်လုံးများလည်းမှေးကျဥ်းသွား၏၊ တခြားထက် သူနှင့်ရှန့်ရှောင်ယွမ်တို့ နှစ်ဦးတည်းသာကျန်ရစ်နေပြီး မြင်ကွင်းထဲ အခြားမည်သူမှရှိမနေခြင်းကြောင့်ပင် " ဘယ်မလဲ မိစ္ဆာဝိညာဥ်? "

နိုင့်ဟယ်တံတားသို့ ဖြတ်သန်းခွင့်မရှိ [မြန်မာဘာသာပြန်]Where stories live. Discover now