အပိုင်း ၁၈

737 143 9
                                    


Unicode Version

အပိုင်း ၁၈

ယွိချီရေ့ လှောင်ထေ့ထေ့ ခပ်ဟဟ ရယ်သွမ်းသွေးရင်းပြောလိုက်သည်......."ယွိချီရှောင် အသက်အတွက် မင်းပြန်ပေးဆပ်ရမယ်"

ဝုန်းးးး!

ထိုအခိုက်၊ ခပ်လှမ်းလှမ်းရှိ တောင်အပြိုအပျက်ပုံကြီး လှုပ်ခတ်လာပြီး အတွင်းကနေ လက်တစ်ဖက်ထွက်လာကာ ခပ်ယဲ့ယဲ့ ဝှေ့ယမ်းလိုက်၏၊ နောက်ဆက်တွဲအနေနဲ့ ငိုမဲ့မဲ့ ခပ်တိမ်တိမ်အသံတစ်ခုပါ အထဲကနေတွဲလျက် ထွက်ပေါ်လာ၏ ........"ဦးလေး!!ဦးလေး!!"

အကျိုးအပဲ့ပုံကြီး တဝုန်းဝုန်းဖြင့် လှုပ်ခတ်လာပြီးနောက်တော့ အောက်ခြေတွင် ပိနေသောအမျိုးသားတစ်ဦး ထထိုင်လာပြီး အဆက်မပြတ် ချောင်းတဟွတ်ဟွတ်ဆိုးနေတော့သည်၊ မှန်သည်၊ ယွိချီရှောင်ကလွဲပြီး တခြားသူ မဟုတ်ချေ........"ဒီလိုကြားဖြတ်ပြောရတာ အားတော့နာပါတယ်၊ ဒါပေမယ့် ကျွန်တော် မသေ သေးဘူး..."

“…”

ယွိချီရေ့ မျက်တောင်သာ ခတ်လိုက်ပြီး မှင်သေသေမျက်နှာအမူအရာဖြင့်။

သူ၏ဓားကို ဓားအိမ်ထဲပြန်ထည့်လိုက်ပြီး ဝတ်ရုံထဲကနေ ဝိညာဉ်ခေါ်မီးအိမ်၊ ဝိညာဉ်ဖမ်းလှောင်ချိုင့်၊ လူဝင်စားလေခေါင်းလောင်း၊ ဝိညာဉ်ကူးပြောင်း အင်းမန္တာန်၊ ဝိညာဉ်ကူးပြောင်း သေတ္တာ အစရှိတဲ့ပစ္စည်းတွေ အားလုံးထုတ်ယူကာ ယင်းခိုင်လက်ထဲ ထိုးထည့်လိုက်ပြီးတော့ လေးလေးနက်နက်ပင်ပြောလိုက်၏......" ရပြီ၊ ဒါတွေမလိုတော့ဘူး၊ ကျေးဇူးတင်တယ်နော်"

ယခုထိ အပျက်အစီးပုံကြား ချောင်းတဟွတ်ဟွတ်ဆိုးကာ ထိုင်နေသေးသော ယွိချီရှောင်ကတော့ ကိုယ့်မျက်လုံးကိုယ်မယုံနိုင်သည့်ပုံစံဖြင့်......."ဒါဆို ဦးလေးက ကျွန်တော် တကယ်သေသွားပြီလို့တောင် ထင်နေတာလား?"

ကလင်ကလောင်အသံများ တဖန်ထွက်လာပြီး အပျက်အစီးပုံထဲရှိ နောက်တစ်နေရာကနေ မုန့်ယွင်ဖေး ထထိုင်လာ၏၊ သူ့တစ်ကိုယ်လုံးလည်း ဖုံတွေမွှန်ထူ‌နေပြီး ချောင်းတဟွတ်ဟွတ်ဆိုးကာ သူ၏ကုချင်နှင့် ဓားကိုဆွဲထုတ်ဖို့ ကြိုးစားနေ၏။

နိုင့်ဟယ်တံတားသို့ ဖြတ်သန်းခွင့်မရှိ [မြန်မာဘာသာပြန်]Where stories live. Discover now