အခန်း[၁၉]

1K 148 0
                                    

နှလုံးသည်းညှာလှိုင်းဂယက်(ဒုတိယပိုင်း)

"အရှင်... သူတို့ကို ဘာလို့သတ်ခဲ့တာလဲ..."

တစ်ယောက်မျက်နှာတစ်ယောက်မမြင်ရပဲ မေးသည့်‌မေးခွန်းက သူတို့အတွက် စိတ်ပေါ့ပါးရသည်။

"ဘယ်သူတွေလဲဟင်...ဒီလောကကြီးမယ်..ကိုယ်တော်သတ်ခဲ့တဲ့လူတွေကများလွန်းလို့...."

"ခင်ဗျားရဲ့ နောင်တော်တွေ ညီတော်တွေဆိုတာလေ...."

"‌ဪ...အရိဌတို့လား...."

အရှင်သူရိယက တွေးတွေးဆဆဖြင့်ဆို၏။ သူ၏ အသံမှာ တိုးတိမ်လှသည်။

အရိဌ၊ဝေဒနဲ့ဂင်္ဂါတို့ကိုဘာလို့သတ်ခဲ့တာတဲ့လဲ....?

အရှင်သူရိယသည် သူ့ကိုယ်သူသာ ပြန်မေးမိရသည်။ ထိုစဉ်က သူသည် ငယ်ရွယ်ပြီး မိုက်ရူးရဲ ဆန်လွန်းလှပါသေးသည်။ တခြားသော ‌အကြောင်းပြချက်များရှိသည့်တိုင် သတ်ရလောက်အောင်ထိတော့ မကြီးကျယ်ခဲ့ပေ။ ယခုပြန်တွေးသည့်အခါ သူ့ကိုယ်သူသာ အပြစ်တင်ရမည်ဖြစ်သည်။

ဘာလို့သတ်ခဲ့တာတုန်း....
မင်းရဲ့ လက်နှစ်ဖက်ကိုကြည့်စမ်း.. မောရိယသွေးတွေစွန်းပေလို့....

"ကိုယ်တော်ငယ်ငယ်တုန်းက ကိုယ်တော့်ကိုချစ်မယ့် မယ်တော်မရှိလို့ပေါ့ သူတို့တွေမှာက ချစ်ပေးမယ့် မယ်မယ်ရှိတယ်လေ ကိုယ်တော်က မနာလိုတတ်လို့ပါ...."

သူက ကလေးအကွက်နင်းကာ ပေါ့ပေါ့ပါးပါးသာ ပြန်ဖြေလိုက်သည်။ ဤသည်က အကြောင်းပြချက်ကောင်းမဟုတ်မှန်း ဒေဝစ္စရာလည်း သိပါသည်။

"ဒီလိုလုပ်... ဒီရွာက ကိစ္စလေး ဖြေရှင်းပြီးသွားရင် ကိုယ်တော်က မင်းကို ရွာလေးတစ်ရွာဆီ ခေါ်သွားပေးမယ်... အဲ့ဒီရွာလေးရောက်ရင် မင်းပိုသိလာရမှာပါ...."

အရှင်သူရိယက သူ၏လက်မောင်းကို ပို၍တိုးကပ်လိုက်ကာ ဒေဝစ္စရာအား အနီးသို့ ခေါ်ယူလိုက်ပြီး ပြောသည်။

"ဒီရွာတွေက ပြဿနာကို ခဏလေးနဲ့ ဖြေရှင်းလို့ ရမယ်လို့ ကျွန်တော်မထင်ဘူး..."

"ဟုတ်တာပေါ့ ဒေဝစ္စရာ... ကိုယ်တော်တို့ ရေရှည်ကိုကြည့်ရမယ်... သူတို့ယစ်ပူဇော်တဲ့ ကိစ္စတွေက အဆိုးဆုံးပဲ... ကိုယ်တော် ဒီည ဘာဘာ့ကို နတ်ဆရာအိမ်ဆီလွှတ်ထားတယ်... တိတ်တိတ်စုံစမ်းဖို့လေ..."

ချစ်သောမဟာမောရိယ[Completed]Where stories live. Discover now