အခန်း[၄၅]

812 115 1
                                    

"ခမည်းတော် မြွေကြီး မြွေကြီး"

မီးဖိုဘေးတွင် ဝိုင်းဖွဲ့၍ ညစာစားနေရင်းမှ ဒီဃာဝု မင်းသားလေးက ရုတ်တရက်ထ,ပြောသည်။ ဒေဝစ္စရာမှာ လန့်ဖျတ်သွားပြီး ထ,ခုန်မိမတတ်ပင်။

"ဘယ်မှာလဲ.. ? ဘယ်မှာလဲ..?"

ထိုအခါ ကလေးငယ်က သူ့အား ပြုံးပြလာခဲ့ပြီး ပြော၏။

"သားသား အိပ်မက်ထဲမှာ.. "

ဒေဝစ္စရာမှာ အနှီကလေးအား ရိုက်ပစ်ချင်စိတ် ပေါက်သွားသည်။ သေချာကြည့်ပါမှ ဝိုင်းထိုင်နေကြသော လူများအနက် မည်သူမျှ သူ့လို အထိတ်တလန့် မဖြစ်ကြ။ မိမိတစ်ဦးတည်းကသာ ဣန္ဒြေပျက်ယွင်းသွားခြင်းကြောင့် ဒေဝစ္စရာမှာ အရှက်ပြေလေး ချောင်းတစ်ချက် ဟန့်လိုက်သည်။

"အဟမ့်...."

မောရိယဘုရင်နှင့် မောရိယစစ်သေနာပတိချုပ်သည် တိုင်းရေးပြည်ရာကိစ္စများကို ခေါင်းချင်းဆိုင် ဆွေးနွေးနေကြသောကြောင့် သည်ဘက်ကိုအာရုံမရကြလို့သာ တော်တော့သည်။

"နတ်ဘုရားရှု ပွဲသဘင်က လုပ်လို့လည်း အဆင်မပြေဘူး။ မလုပ်လို့လည်း မဖြစ်ဘူး။ ဒါပြည်‌သူလူထုရဲ့ မျှော်လင့်ချက်ပဲ.. အခုဆို ပိုဆိုးမှာပေါ့။ နေရာတိုင်းမှာ ငတ်မွတ်ခေါင်းပါး ဘေးနဲ့ အကြပ်အတည်း ရင်ဆိုင်နေရတာ။ အဲ့ဒီ ဒုက္ခပင်လယ်ထဲက မီးလျှံတွေ ကွေ့ကျိုးပြည်ဘက်ကို မကူးစက်ပါစေနဲ့လို့သာ မျှော်ကိုးရတော့မှာပဲ။ မဟုတ်လို့ နှစ်ပြည်စလုံးမှာ ဆူပူနေရင် ကိုယ်တော်တို့အတွက် အသက်ရှူပေါက်တောင် ကျန်မှာ မဟုတ်ဘူး။ "

ဘာဟုသင်္စသည် စိတ်မွန်းကြပ်လွန်းသောကြောင့် လက်ထဲမှ အသားကင်တစ်မြောင်းကိုပင် စားချင်စိတ်မရှိတော့။ သူက ထိုအသားမြောင်းကို ဒီဃာဝု မင်းစားလေးဆီ လှမ်းပေးလိုက်သည်။

"ရော့ မင်းသားလေးရဲ့ မြွေတွေကို အစာကျွေးဖို့ ယူထားလိုက်..."

ဒေဝစ္စရာမှာ 'မြွေ' ဟုအသံကြားလိုက်သည်နှင့် နောက်တစ်ကြိမ် ကျောချမ်းသွားပြန်သည်။ ဒီဃာဝုမင်းသားလေးကတော့ သူနှင့်ဆန့်ကျင်ဘက်ပင်။ 'မြွေ' ဟုအသံကြားလိုက်သည်နှင့် ပြုံးရွှင်ပျော်မြူးသွားပြီး စစ်သေနာပတိချုပ်ဆီမှ အသားတစ်မြောင်းကို လှမ်းယူလိုက်၏။

ချစ်သောမဟာမောရိယ[Completed]Where stories live. Discover now