အခန်း[၄၆]

748 116 3
                                    

ဒုတိယနေ့ နံနက် ညီလာခံသဘင်၌ ဖြစ်သည်။

မိဖုရားခေါင်ကြီး အတိရတနာမှာ နဂိုမူလကပင် ညီလာခံသို့ တက်လေ့မရှိသည်ဖြစ်ရာ မောရိယဧကရာဇ်၏ ရာဇပုလ္လင် ဘေးဝဲယာ နှစ်ဖက်တွင် ဒုတိယကြင်ယာတော်နှင့် တတိယကြင်ယာတော်ကသာ နေရာယူထားကြလေသည်။

ဒုဌဝတီမှာ တိုင်းရေးပြည်ရာကိစ္စကို စပ်စုချင်၍ လာတက်ခြင်းမဟုတ်ပဲ တာဝန်အရ တက်ရောက်ခြင်းသာ ဖြစ်ရာ သူမက အချိန်တော်တော်များများတွင် မျက်လွှာကို ချလျက် တစ်လုံးတစ်ဘာဒမျှ ဝင်မပြောလေပဲ မရှိသည့် လူတစ်ယောက်ကဲ့သို့သာ တိတ်ဆိတ်စွာ နေလေသည်။

မူးကြီးမတ်ရာ၊ ဗိုလ်ပါအပေါင်းမှာ မြင့်သွန်းလှသော ရာဇပုလ္လင်အောက်ရှိ လျှောက်လမ်းတွင် စီတန်းနေရာယူထားကြလို့....။

အဆိုတင်သွင်း၍ အကျိုးအကြောင်း လာရောက်လျှောက်တင်သူများနှင့် ဘုရင့်အား သာကြောင်းမာကြောင်းမေးရန် အခစားဝင်လာကြသူများမှာ ပျားပန်းခတ်မျှ တစ်သုတ်ပြီး တစ်သုတ်ကုန်လွန်သွားချေ၏။

အချိန်အတော်လေး ကုန်လွန်သွားပြီးခါမှ ညီလာခံသဘင်သို့ ဟွားစစ်ရင်းနှီးနေသူတစ်ဦးက ဝင်ရောက်လာခဲ့သည်။ ဟွားစစ်က သူ့ကိုမှတ်မိရန် နှစ်ခါပြန်ကြည့်ယူရသည်။
ရာဇပုလ္လင်ထက်မှ မောရိယဧကရာဇ်က အနှီသူအား ဆီးကြိုနှုတ်ဆက်လိုက်၏။

"သုမန..! ငါဘုရင်မင်းမြတ်က အသင့်ကို ရေကာတာထဲ ဂျွမ်းစိုက်ကျသွားပြီလို့တောင် ထင်နေခဲ့တာ... ဘယ်ကနေ မျက်စိလည်လမ်းမှားပြီး ညီလာခံသဘင်ထဲ ရောက်လာရသလဲ...။? "

စစ်သူကြီး သုမနက အရှင့်အား ဦးခိုက်အရိုအသေပြုလိုက်၏။

"မှန်လှပါ.. အရှင်မင်းကြီး စေခိုင်းထားတဲ့ တိုင်းပြည်နေရာအနှံ့ ရေလှောင်တမံတွေ ဆောက်လုပ်လို့ ပြီးပါပြီ။ အရှင့် အမိန့်တစ်ချက် ပေးတာနဲ့ ချက်ချင်းပဲ ရေတွေ‌ကို ပြည်သူပြည်သားတွေဆီ ဖြန့်ချီပေးဖို့ အဆင်သင့်ဖြစ်ကြောင်း လာရောက်လျှောက်တင်တာပါဘုရား.."

ထို့နောက် အရှင်သခင်က ဘာမှမပြောရသေးမီ စစ်သေနာပတိချုပ်ဘာဘာက ကြားဖြတ်ပြောလာခဲ့သည်။

ချစ်သောမဟာမောရိယ[Completed]Where stories live. Discover now