အခန်း[၃၂]

894 138 3
                                    

Unicode~~~~~

နှင်းတောင်၏ အောက်ခြေသို့ရောက်သည်နှင့် အရှင်သူရိယသည် နှင်းထုကို ယက်ဖြဲလိုက်ပြီး အလူးအလဲ ထ,ရပ်လိုက်သည်။ သူ၏ လက်မောင်းတစ်ဖက်၌ ကျစ်ကျစ်ပါအောင် ခိုတွဲလျက် လိုက်လာသူတစ်ဦးလည်းရှိသည်။

/ကိုယ်တော့်ကြင်ယာတော် ဒေဝစ္စရား...?/

မဟုတ်ခဲ့ပါ။ သေချာကြည့်တော့မှ ခါရာ ဖြစ်နေပါ၏။ ခါရာ၏ ကျောပေါ်မှ သားကလေးက လန့်နိုးလာခဲ့ပြီး ဝါးခနဲအော်ငိုလိုက်သည်။

သူ ခါရာနှင့် ကလေးအား အလျင်အမြန်ဆွဲထူလိုက်သည်။ သားကလေး လန့်ပြီးနိုးသွားသည်မှအပ, ဘာဒဏ်ရာမှ ဖြစ်မသွား၍ တော်ပါသေး၏။

ခါရာ က လန့်၍ ငိုသွားသော ကလေးငယ်အား ပြန်ချော့‌နေသည်။

မောရိယဘုရင်သည် နှင်းထုထဲမှ ဖြဲယဲ ထနေကြသော သူ၏ ငယ်သားများထဲသို့ ကျီးကန်းတောင်းမှောက် ရှာကြည့်တိုင် သူ့ကြင်ယာတော် ဒေဝစ္စရားမတွေ့ရပါပေ။

"ဒေဝစ္စရာ...."

"ဒေဝစ္စရာ....." !!

အတန်ငယ် အော်ခေါ်သည့်တိုင် လူအုပ်ကြားထဲမှ ပြန်ထူးသံက မကြားရ။

"ဒေဝစ္စရာ ကိုယ်တော့်ဆီကို အခစားလာစမ်းပါအုံး...."

သူကပြောလိုက်၏။ သို့သော်မည်သူမျှရောက်မလာချေ။

လူဦးရေကို ရေတွက်ကြည့်တော့လည်း နှစ်ယောက်ပျောက်နေသေးသည်။

"သခင်လေး ဒေဝစ္စရာ ပါမလာဘူး... ကြည့်ရတာ....."

ရေစီယာမွန်သည် ဘာမှဆက်မပြောတော့။

အရှင်သခင်၏ မျက်နှာတော်မှာ ပြိုတော့မည့်မိုးလို ညို့မှိုင်းသွားသည်။

"ကိုယ်တော်သိပြီ... မင်းတို့ဒီမှာ ခဏစောင့်နေ လူစုမကွဲစေနဲ့"

အရှင်သူရိယသည် ခပ်မျှောမျှောတောင်စောင်းထက်သို့ အပြေးတက်သွားသည်။ ဆီးနှင်းများက တအိအိပြိုဆင်းလျက်....။

သူကတက်လေ နောက်သို့ပြန်လျှောကျလေ....။ သို့ပေသိ အနှီအမျိုးသားက တစ်စက်ကလေးမှ လက်မလျှော့ခဲ့။

တစ်ကြိမ်။

နှစ်ကြိမ်။

ဆယ်ကြိမ်ထက်မက....။

ချစ်သောမဟာမောရိယ[Completed]Where stories live. Discover now