အခန်း[၆၃]

743 99 1
                                    

နှနှစ်ခန့်ကြာပြီးနောက်....။

သူတို့သည် သူသေကိုယ်သေတိုက်ခိုက်ကြသော စစ်ပွဲထဲတွင်စတင်တွေ့ဆုံခဲ့ကြသည်။
တစ်ဦးနှင့်တစ်ဦး 'ရန်သူ'ဟု ခေါ်ဝေါ်သမုတ်ခဲ့ကြသည်။ သို့ပေသိ လူ့အသိစိတ်ထက်အလျင် စကားပြောသော နှလုံးသားများသည်ကား-- တစ်ဦးနှင့်တစ်ဦးမတူညီလေသည့် ဘာသာစကားနှင့် ရိုးရာယဉ်‌ကျေးမှုများကို လေ့လာလိုက်စားစေခြင်းဖြင့် ရန်သူနှစ်ဦး၏ ဘဝတွေကို ပို၍ နီးကပ်စေခဲ့သည်။

ဤသို့သော နီးကပ်ပတ်သက်မှုမျိုးမှသည် နှလုံးသားချင်း ပွတ်တိုက်မိ၍ 'ချစ်ခြင်း' တည်းဟူသော ပန်းကလေးတစ်ပွင့်မှာ ဆူးခက်များကြားမှ ပွင့်လန်းလာခဲ့သည်။ ၎င်းပန်းကလေးမှာ အစပိုင်း၌ ပိန်လှီညိုးရော်၍ ခပ်နွဲ့နွဲ့သာ ဖြစ်သော်ငြား နောက်ပိုင်း၌မူ ငွားငွားစွင့်စွင့် ဖူးပွင့်ခဲ့လေသည်။

သူတို့သည် သုံးနှစ်ကျော်ကျော်လောက် ရိုက်ခတ်နေခဲ့သော ကပ်ဆိုးကြီးတစ်ခုကို အတူတကွ လက်တွဲရင်ဆိုင်ခဲ့ပြီးပေပြီ။ တိုင်းပြည်၏ အဆိုးဆုံးသော အခြေအနေများကို အတူတကွ ဖြေရှင်းခဲ့ပြီးပေပြီ။

ယခု၌မူ ပဉ္စဒီပဏီသည် ကပ်ဘေးဆိုး၏ ဒဏ်မှ နလန်ထူလာကာ အစွမ်းကုန် ရုန်းထနေသည်။

ကပ်ဘေးဆိုးကြောင့် လူပေါင်းသောင်းချီ သေဆုံးခဲ့ရပြီး၊ သန်းနှင့်ချီသော ပြည်သူအများမှာ ဆင်းရဲချွတ်ခြုံကျခဲ့ကြရသည်။ သို့သော်လည်း ပြင်းထန်စွာ တိုက်ခတ်သွားသော လေမုန်တိုင်းတစ်ခုအပြီး၌ အညစ်အကြေးများ ပြောင်ရှင်းသွားပြီး အသစ်လွင်ဆုံးသော ပန်းဖူးငုံများပွင့်လန်းလာကြသလို ပဉ္စဒီပဏီသည် ပြန်လည်ဖွံ့ဖြိုးစည်ကားလာ၏။ ပဉ္စဒီပဏီ၏ အခြေခံအုတ်မြစ်ဖြစ်သော မောရိယန်တိုင်းရင်းသားတို့မှာ လည်း ခွန်အားသစ်လောင်းကာ ပြန်လည်နိုးထလာကြလေ၏။

သို့သော်ငြားလည်း လူ့လောကဟူသည် အပြောကျယ်လှသည့် ပင်လယ်သမုဒ္ဒရာရေပြင်ကြီးနှယ်... လှိုင်းတံပိုးတို့က တစ်လုံးပြီးတစ်လုံး ဆင့်ကဲတိုက်ခတ်နေကြသည်သာ။ ပထမလှိုင်းကို ဖြတ်ကျော်ကုန်လွန်ပြီးသကာလ--ဒုတယလှိုင်းက ပိုပြီးအင်အားကောင်းစွာဖြင့် ရိုက်ခတ်လာရန် တာစူနေခဲ့၏။

ချစ်သောမဟာမောရိယ[Completed]Where stories live. Discover now