တစ်ခန်းရပ်ပြဇာတ်

590 71 18
                                    

21ရာစုမဟာမောရိယ

ကျောင်းဝင်းတစ်ခုရဲ့အခန်းတစ်ခုထဲမှာ မဟာမောရိယကျောင်းသူ၊ ကျောင်းသားတွေစုရုံး၍ထိုင်နေကြချိန်ဖြစ်သည်။

မိန်းကလေးRoll ရဲ့ ရှေ့ဆုံးအတန်းမှာ ပန်းပွင့်ကလေးသုံးပွင့်စီထားသလို အာလောက၊ ဒုဌဝတီနှင့် အတိရတနာဆိုသည့် မိန်းကလေးသုံးဦးက ထိုင်နေကြသည်။

သူမတို့၏နောက်တွင်တော့ အဇီးလူမျိုး ကောင်မလေးတစ်ယောက်ရယ်၊ ခမာလူမျိုးကောင်မလေးတစ်ယောက်ရယ်၊ မာယာဒေဝီဆိုသည့် မိန်းကလေးရယ် ထိုင်နေကြပြီး နောက်တစ်တန်းတွင်လည်း အခြားသော ဇာတ်ရံအမျိုးသမီးလေးများ ထိုင်၍နေကြသည်။ သူတို့ထဲမှ အတော်များများက "ဝတ္ထုထဲမှာ ငါတို့က ဘာလို့စောစောသေခဲ့ရတာလဲ" ဟုသာ စဉ်းစားနေကြ၏။

‌‌ယောက်ျားလေး Roll၏ ထိပ်ဆုံးတန်းတွင်မူ သုမန၊ သုဒဿနနှင့်၊ သုဝင်္ဂဟူသော ချာတိတ်သုံးယောက်က ထိုင်နေသည်။ သူတို့သုံးဦးမှာ "ဝတ္ထုထဲက သူတို့ရဲ့ နာမည်တွေကို ဘာလို့များ နဂါးတွေနဲ့အတူပေးပစ်ရတာလဲ" ဟုစဉ်းစားနေကြ၏။ စာရေးဆရာက နာမည်လေးသုံးလုံးလောက် ထပ်စဉ်းစားရမှာကို ဒီလောက်တောင် ပျင်းရော့သလားဟု စောဒကတက်ချင်နေကြသည်။

ထိုချာတိတ်ကလေးသုံးယောက်၏ နောက်တွင်မူ တည်ကြည်လေးနက်သောအသွင်ဖြင့် ဟာဟုသင်္စဆိုသည့် ယောက်ျားကလေးတစ်ယောက်ရယ်၊ အတန်းထဲမှ နာမည်ကျော် ဆော်ကြည်ဘဲ.. (ပိုင်းလုံးကောင်) ဟုလည်းနာမည်ကြီးသော ရေစီယာမွန်နှင့် အသားခပ်ညိုညို ပိန်ပိန်ပါးပါးဖြင့် ခပ်အေးအေး ကောင်လေးဖြစ်သော 'ခါရာ' တို့က ထိုင်နေကြ၏။

သူတို့အတန်း၏ နောက် တတိယမြောက်အတန်းတွင်မူ ဝတ္ထုထဲမှ ဇာတ်လိုက်ကျော်နှစ်ဦးဖြစ်သော အဝေရာ ဆိုသည့်ကောင်လေးနှင့် ဒေဝစ္စရာဆိုသည့် ကောင်လေးနှစ်ဦးမှာ ပူးကပ်၍ ထိုင်နေကြသည်။ အဝေရာဆိုသည့် မျက်ဝန်းခပ်နက်နက်ဖြင့် ကောင်လေးမှာ "ဗိုက်တွေမူးပြီး ခေါင်းတွေအောင့်နေတယ်" ဟုအကြောင်းပြကာ သူ့ဘေးမှ ဒေဝစ္စရာဆိုသည့် ကောင်လေး၏ ရင်ခွင်ကျဉ်းကျဉ်းလေးထဲကို အတင်းကြီး ခေါင်းထိုးမှီထား၏။

ချစ်သောမဟာမောရိယ[Completed]Where stories live. Discover now