အခန်း[၂၉]

976 148 8
                                    

Unicode;

သွေးစက်တို့ သွင်သွင်စီးကျလာသည့်တိုင် အနှီအမျိုးသားဖြစ်သူက ရုန်းကန်ခြင်းလည်းမပြုသလို အော်ဟစ်ညည်းညူခြင်းလည်း မပြုပါပေ။

ထို့အစား သူ၏လက်ဖဝါးပြင်ကိုသာ နှုတ်ခမ်းပါးဖြင့် နမ်းရှိုက်နေခဲ့သည်။

ခမ်းဆောင်နီ၏ အပြင်ဘက်တွင် လမင်းသည်ထိန်ထိန်သာလျက် နန်းတွင်းအစောင့်စစ်သည်များကလည်း ဥဒဟိုသွားလာနေကြသည်။ ဟွားစစ်သည် အနှီအမျိုးသားက အသံမထွက်ပါမှ သက်ပြင်းကိုရှိုက်ထုတ်လိုက်ကာ စိုက်ဝင်နေသည့် စိန်ဆံထိုးတော်အား ပြန်ဆွဲထုတ်လိုက်၏။

သွေးတို့က ဒလဟောပန်းထွက်လာသည်။ သို့သော် အကြင်သူက နာကျင်မှုကိုအာရုံမထားနိုင်ပဲ သူ၏ချစ်ရသူနှင့် ချစ်ပွဲနွှဲဖို့သာ စိတ်စောနေခဲ့သည်။ သူသည် အိပ်ယာထက်မှ ပြန်ရုန်းထပြီး ဒေဝစ္စရာ၏ ခန္ဓာကိုယ်လေးအား ဖိချလိုက်တော့သည်။

..............

တဖြည်းဖြည်းနှင့် ညဉ့်နက်လာပြီဖြစ်သည်။ အရှင်သခင်သည် လှုပ်ရှားမှုများကိုအရှိန်မြင့်ကာ ချစ်ခြင်းအမှုကိုပြီးမြှောက်စေလိုက်သည်။ ဒေဝစ္စရာကိုယ်တိုင်၌လည်း အရှင့်၏'ချစ်ခြင်း'အောက်တွင် မောပန်းနွမ်းလျနေပြီဖြစ်သည်။

အရှင်သူရိယ၏ လက်မောင်းနှစ်ဖြာက ဒေဝစ္စရာ၏ ကိုယ်လုံးလေးအား ရစ်သိုင်းထွေးပိုက်ထားသည်။ ရှည်လျားကာ အေးစက်လှသည့် ဆောင်းတစ်ညတာသည် ထင်သလောက်လည်း အေးစက်မနေတော့ပါပေ။

သူက စကားစမြည်လေးပြောလျက် ညတာကိုပို၍နွေးထွေးစေသည်။

"အရှင်... မောပြီလားဟင်..?"

"ဟင့်အင်း..."

"အရှင်.. ကျွန်တော့်ကိုသဘောကျရဲ့လား..."

"အင်း..."

ဒေဝစ္စရာ ပြုံးမိရသည်။

"ဘယ်လောက်အထိ သဘောကျသလဲ..."

"ကိုယ်တော်က သဘောကျပြီဆိုရင် အဆုံးထိပဲ၊ အသွေးယူယူ အသားယူယူ အပြစ်မမြင်ရက်ပါဘူး၊ မောရိယန်သွေးတွေ ဟော့ဒီကမ္ဘာမြေကြီးပေါ်မှာ ကျန်ရှိမယ့် နောက်ဆုံးနေ့ရက်အထိ ကိုယ်တော် မင်းကိုချစ်မယ်လို့ ကတိပေးတယ်"

ချစ်သောမဟာမောရိယ[Completed]Where stories live. Discover now