အခန်း[၅၀]

714 105 5
                                    

Unicode>>>
.

စစ်သေနာပတိချုပ် ဘာဟုသင်္စသည် စိတ်ညစ်ညူးစွာဖြင့် သူ့အိပ်ခန်းဆောင်လေးတွင်းဝယ် ခေါက်တုံ့ခေါက်ပြန်လျှောက်‌နေမိသည်။ သူသည် ယခုရက်ပိုင်း လုံးဝမပျော်နိုင်ပါချေ။

အကြောင်းအရင်းမှာ သူမြတ်နိုးရသော အရှင်သခင်၏ အချစ်ရဆုံးကြင်ယာတော်က ပျောက်ဆုံးနေခဲ့၍ ဖြစ်သည်။ ထို့ပြင် ကွေ့ကျိုးပြည်နယ်စပ်၌လည်း မောရိယဘုရင်က လိင်တူတိမ်းညွှတ်သည့် ကိစ္စမျိုးမှာ လုံးဝမဖြစ်သင့်ပဲ ဤသည်က ဘိုးဘေးဘီဘင် အဆက်ဆက်တို့၏ မျက်နှာအား သဲဖြင့်ပက်နေသကဲ့သို့ ရှိပြီး မောရိယဘုရင်၏ သားတော်လေးမှာလည်း မကောင်းဆိုးဝါးတစ်ကောင်သာ ဖြစ်ကြောင်း လက်ကမ်းစာစောင်တွေ ပျံ့နှံ့နေခဲ့သေးသည်။ သို့သော် ယခု၌ထိုကိစ္စက နောက်ရောက်သွားပေပြီ။

အရှင့်ကြင်ယာတော် ပျောက်ဆုံးနေသည့် ကိစ္စကသာ သူ့ခေါင်းထဲ၌ စာတန်းကြီးကြီး ထိုးထားလျက်ရှိ၏။

သူတွေးမိသည်။ တရားခံကဝေးဝေးလံလံမှ ဂိုဏ်းဂဏကြီးကြီးတစ်ခုခု ပါဝင်ပတ်သက်နေနိုင်သော်ငြား တကယ်တမ်းမှာ နီးနီးကပ်ကပ်မှ စောင့်ကြည့်ကာ သတင်းပေးနိုင်မည့် အတွင်းလူတစ်ယောက်ယောက် ပါကို ပါလိမ့်အုံးမည် ဖြစ်သည်။

နီးနီးကပ်ကပ်တစ်နေရာဟု တွေးကြည့်လိုက်လျှင် အရှင့်၏ ကျောနောက်တည့်တည့်၌ စစ်သေနာပတိချုပ်ဖြစ်သူ မိမိနှင့်တကွ မဟာတံတိုင်းအဖွဲ့အစည်းတစ်ခုသာ ရှိလေသည်။ မိမိအပါအဝင် မဟာတံတိုင်းယံမှ တစ်သောင်းသော စစ်သည်တော်တို့မှာ အရှင့်၏ သွေးသောက်သစ္စာခံများ ဖြစ်ကြရာ--- အကယ်၍ ဤလူများအနက် တစ်ဦးဦးကသာ အရှင့်အား လုပ်ကြံရန် စိတ်ကူးခဲ့စေကာမူ ထိုနေရာ၌ပင် သွေးအန်၍ သုံးရက်အတွင်း ဇီဝိန်ချုပ်သွားပေလိမ့်မည်။

သူသေသေချာချာ စစ်ဆေးကြည့်ပြီးပြီဖြစ်၏။ မဟာတံတိုင်း၌ သွေးအန်ပြီး အားအင်ချည့်နဲ့နေသည့်လူ တစ်ဦးတစ်လေမျှ မရှိပါ။ ထပ်လောင်း၍ မဟာတံတိုင်းထဲသို့ စဝင်ကတည်းက သူတို့ကိုယ်တိုင်ကပင် ထိုကိစ္စကို ရှင်းရှင်းလင်းလင်းသိထားလေရာ သူတို့သည် အရှင်သခင်အား နောက်ကျောဓားဖြင့်ထိုးမည့် ကိစ္စမျိုးကို စိတ်ပင်မကူးဝံ့ကြ။ ထို့ကြောင့် ဘာဟုသင်္စသည် မိမိနှင့်တကွ မဟာတံတိုင်းတစ်ခုလုံးအား တရားခံဖြစ်နိုင်ချေ စာရင်းထဲမှ ပယ်ထုတ်လိုက်၏။

ချစ်သောမဟာမောရိယ[Completed]Where stories live. Discover now