အခန်း[၃၆]

836 112 1
                                    

(၇)နှစ်သားအရွယ်အဝေရာ

.
.

ခုနှနှစ်သားအရွယ် မင်းသားငယ်လေး အဝေရာသည် ဘုရင့်ဥယျာဉ်တော်ဘက်ဆီ အမဲလိုက်ထွက်ခဲ့ပြီး နောင်တော်နှစ်ပါးနှင့် အတူပြန်လာခဲ့သည်။ အဝေရာ၏ အရပ်အမောင်းမှာ တော်တော်လေးကို ရှည်လာခဲ့ရာ ကလေးသုံးယောက်မှာ တစ်ရွယ်တည်းတွေလို ဖြစ်လို့။

နန်းတော်ထဲသို့ ရောက်သည်နှင့် သုံးယောက်သားမှာ လမ်းခွဲလိုက်ကြပြီး ကိုယ့်နန်းဆောင်၊ သူ့နန်းဆောင်ကိုယ်စီပြန်ခဲ့ကြသည်။ အဝေရာသည် သူ့နန်းဆောင်ဆီသို့ပြန်ပြီး‌ ရေမိုးချိုးသန့်စင်ပြီးသော်အရှေ့ဘက်ဥယျာဉ်ဆီသို့ ထွက်လာခဲ့သည်။

အချိန်ကား ညနေဆည်းဆာတိမ်တောက်ချိန်ဖြစ်၏။

အရှေ့ဘက်ဥယျာဉ်လေးတွင်းဝယ် လူသားပုရိသအပေါင်းအား လှည့်ဖျားရန် လမင်းကြီးထံမှ စေလွှတ်လိုက်သော တမန်တော်နတ်ကညှာပျိုအလား ချောမောတင့်တယ်ခြင်း ပန်းမာလာတို့ အလှပဆုံးဖူးပွင့်ရာ ဆယ့်ငါးနှစ်ခန့်အရွယ်ရှိ မိန်းမပျိုလေးတစ်ဦးကရှိနေခဲ့သည်။ ခြေသံသဲ့သဲ့ကိုကြားမိ၍ ထိုမိန်းမပျိုလေးက မိမိရှိရာဆီသို့ သူမ၏လည်တိုင်ကျော့ကို လှည့်ကာ စောင်းငှဲ့ကြည့်လာခဲ့သည်။

"ဪ... မောင်တော်လေးပါလား..."

အဝေရာက 'ဟုတ်ပါတယ်' ဟုဆိုကာ ရှေ့သို့လှမ်းလာခဲ့သည်။ ထို့နောက် သူ၏နောက်ပစ်ထားသော လက်တစ်ဖက်အား ရှေ့သို့ထုတ်ပြီး ပြောလာခဲ့သည်။

"ကျွန်တော့်ရဲ့ ချစ်ရပါသော မမအလှလေးရေ... ဒါက တောထဲက ခူးလာတဲ့ အင်ကြင်းပန်းတွေရယ်ပါ... ယူပြီး နမ်းရှိုက်ကြည့်စမ်းပါအုံး..
သူ့အနံ့က မမွှေးမြဘူးလားလို့...?"

မိန်းမပျိုလေးက ရှက်ပြုံးကလေးပြုံးလာလျက်၊ ထို့နောက် အနှီလူတတ်ကလေးအား မျက်စောင်းလှလှတစ်ချက်ထိုးပြလျက်။
နောက်ဆုံးတော့ ပန်းတွေကိုသူမက ယူလိုက်ပြီး နမ်းရှိုက်လိုက်သည်။

သိပ်ကို မွှေးမြလှပါ၏။

မောရိယန်တွေက အင်ကြင်းပန်းတစ်ခိုင်ကို ပေးလာရင်ချစ်ခွင့်ပန်တာဖြစ်ပြီး ပန်းကိုလက်ခံယူလိုက်တဲ့ လူကလည်း အဲ့ဒီချစ်ခြင်းတွေကို လက်ခံလိုက်တာပါပဲတဲ့။

ချစ်သောမဟာမောရိယ[Completed]Where stories live. Discover now