အခန်း[၆၆]

865 117 7
                                    

နောက်တစ်နေ့တွင် ဟဲနန်၌ မပြီးနိုင်သေးသော ဗိုလ်လုပွဲကို ဆက်လက်နွဲကြပြန်လေသည်။

သည်တစ်ကြိမ်တွင် အရှင်ဖီးလစ်ကိုယ်တိုင် စစ်သည်အင်အား အမြောက်အများနှင့် အလုံးအရင်းလာတိုက်ခိုက်၏။ ဖီးလစ်ရဲ့ စစ်သည်အင်အားမှာ အနောက်ဘက်ဒေသရှိ သုံ့ပန်းများကိုပါ ရှေ့တန်းမှ လူသားတံတိုင်းအဖြစ် အသုံးပြုထားသည်ဖြစ်ရာ ဆယ်သိန်းနီးပါးမျှ ရှိလေသည်။

ထို့ကြောင့် အရှင်သူရိယသည် ရှင်းကူးခံတပ်တွင် အခိုင်အမာ စခန်းချထားသည့် မောရိယန်စစ်သည် ငါးသိန်းကို နေ့တွင်းချင်း စစ်ချီလာစေလိုက်ရသည်။ မူလက သူတို့တွက်ထားသည့် ဗျူဟာမှာ အလွှဲလွှဲအချော်ချော် ဖြစ်ကုန်၏။ မူလက သူတို့သည် 'ဟဲနန်'မှာ တစ်ပွဲတစ်လမ်းစမ်းမယ်၊ ပြီးမှ ရှင်းကူးမှာ အသေအကြေချကြမယ်၊ ဟူ၍ ဖြစ်လေသည်။

ဤအစီအစဉ်ကို ဖီးလစ်က ပြောင်းပြန်လုပ်လိုက်၏။ !

ယခုမူ ရှင်းကူးခံတပ်သို့ မရောက်ခင် ဟဲနန်၌ပင် အသေ‌အကြေ တိုက်ခိုက်နေရတော့သည်။

ဟဲနန်၌ မောရိယန်စစ်သည်အင်အားမှာ သုံးသိန်းကျော်သာရှိသည်။ ဤသုံးသိန်းကျော်ကို ဖီးလစ်ဘက်က ဆယ်သိန်းကျော်က လာရောက်ဝိုင်းတိုက်ခြင်း ဖြစ်လေသည်။

ရှင်းကူးမှ ချီတက်လာမည့် စစ်သည် ငါးသိန်းအင်အားပါ ထည့်ပေါင်းပါမှ မောရိယန်တို့ဘက်မှာ စစ်သည်ရှစ်သိန်းသာ ရှိပေမည်။ ရှစ်သိန်းနှင့် ဆယ်သိန်းဆိုလျှင် တိုက်ပွဲမှာ ‌မျှချေအနေအထားဟု တွက်ဆ၍ ရသေး၏။

ယခုမူ ရှင်းကူးမှ စစ်သည်ငါးသိန်းသည် စစ်မြေပြင်သို့ ရောက်မလာသေး။ ရှင်းကူးမှ ဟဲနန်သို့ အမြန်ဆုံးနည်းဖြင့် ချီတက်လာလျှင်တောင် အနည်းဆုံး နေ့တစ်နေ့၏ အချိန်သုံးပုံ တစ်ပုံစာလောက် ကြာအုံးမည်ဖြစ်သည်။ သို့သော်... ဖီးလစ်၏ စစ်တပ်ကြီးက ရှေ့မှဆီး၍ လာနေပြီဖြစ်ရာ.. မုန်တိုင်းတစ်ခုနှယ်ပင် ရပ်တန့်လို့မရတော့။ ထိပ်တိုက် ရင်ဆိုင်ဖို့ရန်သာ ရှိလေသည်။

ဟယ့်နန်မှ သနားစရာ စစ်သည်သုံးသိန်းကျော်မှာ ယခုမှ ရှင်းကူးသို့ တပ်ပြန်ဆုတ်ရအောင်လည်း အချိန်မမီတော့။ နောက်ကျသွားပြီဖြစ်သည်။ ဖီးလစ်၏ အနောက်တိုင်းသား စစ်သည်များက ဟဲနန်ဒေသတစ်ဝိုက်တွင် ဝိုင်းထားကြလေပြီ။

ချစ်သောမဟာမောရိယ[Completed]Where stories live. Discover now