ဇာတ်သိမ်းပိုင်း

2.6K 187 32
                                    

နောက်ထပ် ရက်သတ္တပတ်ခန့်အကြာတွင် ဟဲနန်မှ ဖီးလစ်၏ စစ်သည်တော်များမှာ အင်အားပြန်လည်ဖြည့်တင်းပြီး ရှင်းကူးသို့ ချီတက်လာကြပြန်သည်။

ယခုအချိန်တွင်တော့ နှစ်ဖက်စလုံး၏ စစ်သည်အင်အားမှာ ဆယ်သိန်းနီးပါးစီရှိကြကာ မျှချေအနေအထားဟု ဆိုရမည်ဖြစ်ပြီး နှစ်ဖက်စလုံးတွင်လည်း နောက်ထပ်စစ်ကူစရာ အင်အားထပ်မကျန်တော့ပေ။ သူတို့သည် ဘုရင့်နောင်ဖောင်ဖျက်ပြီးပေ၏။ သည်တိုက်ပွဲသည် အဆုံးသတ်ဖြစ်ပြီး အနိုင်အရှုံးကို တစ်ပါတည်း ဆုံးဖြတ်ပေလိမ့်မည်။

မောရိယန်စစ်သည်များက ရှင်းကူးခံတပ်တွင် အခိုင်အမာပိတ်ဆီး၍ထားသည်။ ထို့ကြောင့် အနောက်တိုင်းသားစစ်သည်များမှာ ရှင်းကူးနယ်နိမိတ်အတွင်းသို့ ကပ်ခွင့်ပင်မရကြ။ သူတို့သည် ဟဲနန်နှင့်ရှင်းကူးကြားရှိ တောတောင်ခြုံတန်းကလေးများတွင်သာ ပေါ်ပေါ်ထင်ထင်တစ်လှည့် ပြောက်ကျားစစ်ဖြင့်တစ်ဖုံ ဆင်နွဲနေကြရသည်။

သို့နှင့် ဟဲနန်နှင့် ရှင်းကူးကြားရှိ တောလမ်းတစ်လျှောက်ကသာ စစ်မြေပြင်ဖြစ်လို့သွားသည်။ ဖီးလစ်၏ စစ်သည်များက တောတန်းတစ်လျှောက် ခြုံခိုပြီး ပုန်းကွယ်နေကြကာ အသာစီးယူရန် ကြံနေကြသည်။ အရှင်သူရိယသည် ခံတပ်မဟာတွင် စစ်သည်အမြောက်အများ ချထားခဲ့ပြီးနောက် ရှေ့တန်းထွက်မည့် စစ်သည်များကိုမူ အုပ်စုငယ်လေးတွေ ဖွဲ့စေသည်။ ထို့နောက် ထိုအုပ်စုငယ်များကို ရှေ့တန်းမှ ငါးစာအဖြစ် အသုံးပြုကာ ခြုံခိုနေသည့် ရန်သူကို အလျှင်မျှားထုတ်ရသည်။ ရန်သူထွက်လာပြီဆိုမှ အနောက်မှ တပ်စုတစ်ခုက ဝိုင်းလာပြီး နှစ်ဖက်ညှပ်၍ တိုက်ခိုက်စေခြင်း နည်းဗျူဟာကို အသုံးပြုစေသည်။

နဂါးစစ်သည်တော် သုမနမှာ တိုက်ပွဲထဲတွင် ကျဆုံးသွားခဲ့ပြီဖြစ်၏။ ထို့ကြောင့် အရှင်သူရိယသည် ကျန်ရှိသည့် နဂါးစစ်သည် နှစ်ကောင်ကို ဦးဆောင်ထိန်းချုပ်လျက် အနောက်တိုင်းသားတို့၏ ဟဲနန်ခံတပ်ကို မီးလောင်တိုက်သွင်းရန် အလို့ငှာ မနက်အစောကြီးကတည်းက ထွက်ခွာသွားခဲ့သည်။

သူမထွက်ခွာမီ ရှင်းကူးယာယီနန်းတော်၏ အပေါ်ထပ်ခန်းဆောင်တစ်ခု၌ ဒေဝစ္စရာအား ပိတ်လှောင်ထားခဲ့သည်။
သူက မရဏချိန်ခွင်ပေါ်သို့ ချစ်သူကို မသက်ဆင်းစေလို၍ဖြစ်၏။

ချစ်သောမဟာမောရိယ[Completed]Where stories live. Discover now