အခန်း[၆]

1.4K 171 1
                                    

"စစ်သူကြီး... စစ်သူကြီး... စစ်သေနာပတိချုပ်ကြီး... ဘာဘာမဟုတ်လား....၊ ခင်ဗျားမဟုတ်လား တိုက်ပွဲထဲမှာတုန်းက ကျွန်တော် လူများမှားသလားလို့...."

သုမနသည် ယာယီစခန်းသို့ရောက်သည်နှင့် စစ်သေနာပတိချုပ် ဘာဘာအား ပြေးဖက်တော့သည်။ ဘာဘာသည် မလှုပ်မယှက် တောင့်တောင့်ကြီး ရပ်နေလျက် သူ့ခန္ဓာပေါ်သို့ မျောက်တစ်ကောင် လာတွယ်တက်နေသည်ဟုပင် သဘောထားလိုက်သည်။

သူကမလှုပ်မယှက် သစ်တုံးကြီးလို ငြိမ်ရပ်နေလေတော့ မျောက်ကလေးမှာ ပို၍ဆိုးလာသည်။ စစ်သူကြီးအား နှစ်များစွာ ခွဲခွာခဲ့ရသော ချစ်သူနှင့်ပြန်တွေ့သလို ဖက်လှဲတကင်း နမ်းရှုပ်တော့၏။ ဘာဘာသည် မြောင်းပုပ်ရေသောက်မိသကဲ့သို့ ပို၍ပင် အော်ဂလီဆန်လာကာ သုမနအား ခပ်ကြမ်းကြမ်း တွန်းထုတ်လိုက်ရသည်။

သုမနအတွက်မူ ကိစ္စမရှိ။ သူ့တွင် အပျော်များ ဖုံးလွှမ်းနေခဲ့၍ သူသည် မြေကြီးပေါ် နှစ်ပတ်သုံးပတ် လိမ့်သွားရသည့်တိုင် ဖုန်များကို ခါသုတ်ပြီး ပြန်ထလာခဲ့သည်။ သူ၏ ရှေ့တွင်မူ စစ်သူကြီး ဘာဘာက အရှင့်အား ဦးညွှတ်၍ အရိုအသေပြုနေခဲ့သည်။

"တာဝန်ကျေသွားပြီ ဘာဘာ... မင်းအရမ်းကိုတော်တာပဲ...၊ ကွေ့ကျိုးပြည်ထဲက ကြိုက်တဲ့ ပြည်နယ်ရွေးလိုက် ကိုယ်တော်မင်းကို အပိုင်စားပေးမယ်..."

ဘာဘာသည် နဂိုတည်းက စကားနည်းသူပီပီ တိတ်ဆိတ်နေခဲ့သည်။ အရှင်သူရိယသည် ထပ်ပြောပါ၏။

"ပဉ္စဒီပဏီပြည်တွေထဲကဆိုလည်းဖြစ်တယ်"

"ဘယ်ပြည်မှ ကျွန်တော်မလိုပါဘူး အရှင်၊ အဲ့အစား ပဉ္စဒီပဏီရဲ့ စစ်သူကြီး(စစ်သေနာပတိချုပ်) ရာထူးသာ ပြန်ပေးပါ...၊ ပဉ္စဒီပဏီနဲ့ အရှင့်အတွက် စစ်မှုထမ်းပေးရတာဟာ ကျွန်တော့်
ရဲ့ ဘဝပါပဲ...."

ဘာဘာသည် သူ၏စိတ်ရင်းအတိုင်း ပြောမိရသည်။ ပဉ္စဒီပဏီသည် သူ့အိမ်ဖြစ်ပြီး အရှင်ကမူ သူ့အတွက်ကိုးကွယ်ရာပင်တည်း....။ စကားလုံးတွေ များများစားစားမလိုအပ်ခဲ့။ သူသည်အလုပ်နှင့်သက်သေပြသူသာဖြစ်ပါ၏။

"မင်းဟာ အမြဲတမ်း ပဉ္စဒီပဏီရဲ့ စစ်သေနာပတိချုပ်ပဲလေ ဘာဘာ...."

ချစ်သောမဟာမောရိယ[Completed]Where stories live. Discover now