For Unicode" ကျွန်တော် ခင်ဗျားကိုကြိုက်တယ် "
ကတုံးဆံပင်ပေါက်ကေကို ရွှေအိုရောင်ဆိုးထားတဲ့ ကောင်လေးအသွင်က ဂျစ်ကန်ကန်။ ပီကေ တစ်ဖောက်ဖောက် လုပ်နေတဲ့ ပါးစပ်က တစ်ခါတစ်ခါ ဆေးလိပ်ခဲရင် ခဲနေတတ်သေးတာ...။
" ငါကတော့ မကြိုက်ဘူး "
ဘာအရေးလဲဆိုတဲ့ပုံနဲ့ ထိုကောင်လေးက ပီကေကို ပူဖောင်းအကြီးကြီး ဖြစ်အောင် လုပ်လိုက်၏။ ပြီးမှ ကတ္တရာလမ်းပေါ်ကို ထွေးချရင်း
" ဖယ်ဗျာ အဖြေပေးမှာလဲမဟုတ်ပဲနဲ့ "
ဆော့ဂျင်ရဲ့ ပုခုံးကို သူ့ကျောပိုးအိတ်အလေးကြီးနဲ့ တိုက်ပြီး လမ်းကူးသွားပါတဲ့ လူဆိုးကောင်လေး။
ဘယ်အချိန်ကတည်းက အဲ့လိုဆိုးတတ်လာပြီး စိုးရိမ်စရာစကားတွေစပြောတတ်လာသလဲ သူမမှတ်မိတော့ပါ။
သူ့ရဲ့အဖြူရောင်ဆလွန်းကားလေးထက်ကို ပီကေနဲ့ကပ်ထားတာ မြင်တော့ သက်ပြင်းချလိုက်ရင်း ခပ်တိုးတိုးဆဲလိုက်မိသည်။
ငါ့ညီလေး
လူလိမ္မာလေး
ဆီပိနေတဲ့ ဆံပင်အိအိလေးတွေနဲ့ကလေးလေးငယ်ငယ်ကတည်းကလူချစ်အောင်မပြောတတ်တဲ့ ပါးစပ်ကလေးက ကြီးလာတော့ ရိုက်ပေါက်တွေပဲ ပြောထွက်လာမယ်လို့ မထင်ခဲ့ရိုးအမှန်...။
အပေါင်းအသင်းမှားရအောင်လဲ အကုန်လုံးက ဒင်းကလေးဆို မော်လို့တောင်မကြည့်ရဲကြ။
လွန်ခဲ့တဲ့ နှစ်နှစ်လောက်က စပြီး
အဲ့ကလေးလေးက သူ့ဆီကို တစ်ရက်ခြားတစ်ခါလောက် ရောက်လာပြီး ရည်းစားစကားပြောနေရာကနေစတော့တာပဲ။ရုတ်တရပ်ဆိုမှရုတ်တရပ်ကြီး!
အစပိုင်းတော့ သူထိတ်လန့်လွန်းလို့ရူးမတတ်။
အနှီးထုပ်ကလေးနဲ့ကိုယ်ပိုက်ခဲ့ရတဲ့ ကလေးသေးကွေးကွေးက သူ့နီးပါရှည်လာတဲ့ အရပ်ကြီးနဲ့ ပိုင်စိုးပိုင်နင်းချစ်ရေးဆိုတာ ခံလိုက်ရတာမဟုတ်လား။ပြီးတော့ သူ့သူငယ်ချင်းအရင်းခေါက်ခေါက်ရဲ့ညီ။
အခုတော့ ပုံမှန်လိုပင်ဖြစ်နေပြီ။
ဂွမ်ဂျူက ဘာမှပြောင်းလဲမသွား။
ဆော့ဂျင်က ဘွဲ့ရတာနဲ့ ဂွမ်ဂျူက လျှပ်စစ်ကုမ္ပဏီတစ်ခုမှာ အလုပ်၀င်လုပ်သည်။ အစကဆိုးလ်ကိုသွားချင်သော်လည်း မေမေတစ်ယောက်တည်းကျန်ခဲ့မှာစိုးတာကြောင့် ဒီဘက်မှာပဲ နေဖို့ဆုံးဖြတ်လိုက်ရသည်။
YOU ARE READING
Endless Poem
Fanfictionကျွန်တော့်အတွက်ကံကောင်းခြင်းဆိုတာ မောင့်မျက်၀န်းညိုတွေနဲ့ ဆုံတိုင်း ခံစားမိနေတဲ့ နာမတစ်ခုဖြစ်တယ်။