For Unicode
အချစ်.....။
လူတိုင်း ကြုံတွေ့နေရတဲ့ သိပ်လှတဲ့ နာမလေး...
ကျွန်တော်ကတော့ ဘာမှန်းရေရေရာရာ မသိလိုက်ခင်မှာတောင် အဲ့ဒီ့လူ တစ်ယောက်ကို ပြေးမြင်သတိရမိတော့တာပါပဲ။
ချောလိုက်တဲ့ အစ်ကိုကြီး...
ပြုံးလိုက်ရင် နီထွေးနေတဲ့ နှုတ်ခမ်းတွေဆီကနေ ပုလဲလုံးတွေ စီထားသလို သွားတန်းညီညီလေးတွေ ပေါ်လာတာကို ကျွန်တော်သိပ်သဘောကျခဲ့တာ။
ငယ်ဘဝရဲ့ အိပ်မက်တွေက ရိုးစင်းတယ်
ကျွန်တော် ခင်ဗျားထက် အရပ်ရှည်ချင်လိုက်တာဗျာလို့ပဲ တမ်းတမ်းတတတွေးရဲ့....။
ဒါ ကျွန်တော့် အိပ်မက် အိတ်သွန်ဖာမှောက် အကုန်အစင်ရယ်။
အာတာပူစီတွေက ချိုတယ်....
ဆေးသကြား အရသာတွေ သိပ်မကြိုက်လှပေမယ့် ခင်ဗျား အရသာရှိရှိစားနေတာမြင်ရတော့ ကျွန်တော်လဲ စားချင်သား။
စကားမရှိ စကားရှာ ပူဆာတဲ့ ကျွန်တော့်အလိုကို မောင် က အဲ့ကတည်းက လိုက်ခဲ့တယ်။
ကျွန်တော် သုံးနှုန်းရမဲ့ စကားစုတွေက ရှားတယ်။
မလေးမခန့် ပြောလို့လဲ မဖြစ်ချေသေးဘူး...မောင်က ကျွန်တော့်ကို အရိုင်းအစိုင်းလေးလို့ ထင်သွားနိုင်တယ်။
ကျွန်တော့်ရဲ့ ဖွံ့ဖြိုးဆဲ ဦးနှောက်သေးသေးလေးဟာ အမြဲတမ်း မောင့်အကြောင်းကိုပဲ တွေးရင်းအလုပ်ရှုပ်ရတယ်။အတန်းထဲက ကောင်မလေးက ပြောတယ်....ချစ်ရင် ချောကလက်ကျွေးကျတယ်တဲ့။
အဲ့နေ့က မောင် ချောကလက်တွေအများကြီးရတာ ကျွန်တော် တွေ့သားပဲ။
ဒါပေမယ့် ကျွန်တော့်ကို လာမကျွေးဘူး..
မောင်က ကျွန်တော့်ကို မချစ်လို့ဖြစ်မယ်။
အဲ့ဒီခပ်ချောချော အစ်ကိုကြီး ချစ်တာ ကျွန်တော် ခံချင်တယ်။
ဒါက နောက်ထပ် သေးသေးကွေးကွေး အိပ်မက်လေးတစ်ခုပေါ့.....။
အမြဲတမ်း ရယ်မောနေတတ်သလို၊ ကိုကို့ ကို အော်ငေါက်နေတတ်တဲ့ မောင့် ပုံစံကို ငေးရတာကျွန်တော် အရမ်းသဘောကျတယ်။
YOU ARE READING
Endless Poem
Fanfictionကျွန်တော့်အတွက်ကံကောင်းခြင်းဆိုတာ မောင့်မျက်၀န်းညိုတွေနဲ့ ဆုံတိုင်း ခံစားမိနေတဲ့ နာမတစ်ခုဖြစ်တယ်။