4

1.9K 307 26
                                    

For Unicode

နာရီသံတစ်ချက်ချက်က သူ့နှလုံးအိမ်အတွင်းမှာ မြည်နေသလားထင်ရသည်။
ကားသံကြားရင် ‌အမေနိုးမှာစိုးတာကြောင့် နောက်ဖေးတံခါးပေါက်ကနေပဲ ခပ်တိတ်တိတ်ထွက်ခဲ့ရ၏။

အိမ်ကိုညတိုင်းအလည်လာနေတဲ့ ကြောင်မည်းမှောင် က မျက်လုံးစိမ်းတွေနဲ့ ဆေးမခြောက်သေးတဲ့ အုတ်နံရံ ထက်မှာ နေရာယူရင်း သူ့ကိုစူးစမ်းကြည့်နေသည်။

ဒီအဖြစ်အပျက်က ဟိုးအရင် သူအထက်တန်းရည်းစားစထားခဲ့တဲ့ အချိန်ကိုသတိရစေတယ်။
ဒီနှစ်ထဲမှာ သုံးဆယ် ပြည့်တော့မဲ့ သူ့အသက်အရွယ်မှာ ဒီလိုခိုးကြောင်ခိုးဝှက် ချိန်းတွေ့မှုမျိုးက သိပ်မသင့်တော်တော့ပါသော်လည်း သူမငြင်းဆန်နိုင်ခဲ့ပါချေ။

လမ်းထိပ်အရောက်မှာပဲ ရှေ့နားက လမ်းမီးတိုင်မှာ မှီရင်း စောင့်နေတဲ့ နမ်ဂျွန်းကိုတွေ့လိုက်ရသည်။ ပါးစပ်မှာလဲ အငွေ့တလူလူနဲ့ စီးကရက်ကိုခဲနေသည်။

" မင်းတို့လမ်းထိပ်မှာစောင့်နေမယ်မှတ်တာ "

စီးကရက်အငွေ့တွေကို တရှိုက်မက်မက်ရှူသွင်းနေတာ နမ်ဂျွန်းဖြစ်ပေမဲ့ ရင်ထဲ မွန်းကြပ်လာရသူက ဆော့ဂျင်ပင်။

" စိတ်မချလို့ပေါ့ ခင်ဗျားကို "

ဘာမှပြန်မပြောပဲ ငြိမ်သက်နေတဲ့ သူ့ကိုကြည့်ရင်း နမ်ဂျွန်းက

" ဘာဖြစ်နေတာလဲ ခင်ဗျားမျက်နှာက"

" ငါဆေးလိပ်နံ့မုန်းတာမင်းသိတယ် "

" အာ..ဆောရီး ကြည့် ခုလွှင့်ပစ်လိုက်ပြီ။
ဒီမှာ နင်းတောင်နင်းလိုက်ပြီတွေ့လား "

ဆေးလိပ်မီးစလေးက နမ်ဂျွန်းခြေဖဝါးအောက်မှာ တဖြည်းဖြည်းငြိမ်သက်သွားသည်။ ခုနကထိ နှစ်ခြိုက်စွာ သောက်သုံးနေတဲ့ အရာကို စွန့်လွှတ်ဖို့ကလဲ လွယ်ကူလှချည်လား...?
ဆက်ပြောရင် အချေအတင်ဖြစ်မှာသိလို့ စကားလုံးတွေကို ရင်ထဲမှာပဲ ပြန်မြိုသိပ်လိုက်ရသည်။

ဒီပြသနာဟာ စီးကရက်တစ်လိပ်ကြောင့်မဟုတ်....
အဓိကကတော့ သူနားမလည်နိုင်တဲ့ နမ်ဂျွန်းရဲ့ သဘောထားတွေကြောင့်ပါပဲလေ။
မဖြေရှင်းနိုင်သ၍ ဖြေရှင်းဖို့ သတ္တိမရှိသရွေ့ ဒီလိုပဲ ဖြစ်နေအုံးမှာပါပဲ။

Endless PoemWhere stories live. Discover now