For Unicode
နေ့လည်ခင်းဆိုရင် ဆော့ဂျင်တို့ဌာနကအမြဲတမ်းအားသည်။
ဒါ့ကြောင့် နေ့လည်စာကိုအချိန်ဆွဲစားတဲ့လူလဲရှိသလို အပျင်းပြေ ဟိုလျှောက် ဒီလျှောက် လုပ်နေကြတဲ့ လူတွေကလဲ ခပ်ပေါပေါ။ဆော့ဂျင်ကတော့ ရှုပ်ပွနေတဲ့ စားပွဲကို ရှင်းကာ အိပ်နေတာပဲများ၏။
" ဆော့ဂျင်! လာတွေ့တဲ့လူရှိတယ်ထင်တယ်။ "
" ဗျာ ဟုတ် ဟုတ် "
ဌာနမှူးကိုယ်တိုင်က သူ့စားပွဲနားလာပြောတာမို့ အိပ်ချင်စိတ်ကိုချိုးနှိမ်ကာ အောက်ထပ်ကိုအမြန်ပြေးဆင်းခဲ့ရသည်။
" ကျွန်တော်ဒီမှာ "
အလှထားတဲ့ဧရာမကြွေပန်းအိုးကြီးတွေပေါ်က ကနုတ်လက်ရာတွေကို လက်နဲ့ထိတွေ့နေရာကနေ နမ်ဂျွန်းက လှမ်းခေါ်သည်။
လက်ထဲမှာလဲ အညိုရောင် စက္ကူအိတ်ကလေးကိုင်လျှက်သား...
" ဘာလာလုပ်တာလဲ? မင်းစာမေးပွဲက "
" ပြီးသွားပြီ။ အခုဖြေပြီးတာပဲ "
" ဒါဆို ဘာလို့ "
" မနေ့က ခင်ဗျားကျောင်းရှေ့လာသွားတယ် မှလား ? "
ဆော့ဂျင် ချောင်းတစ်ချက်ဟန့်ကာ ဟန်မပျက်ခေါင်းညိတ်လိုက်ရင်း
" ဟုတ်တယ်လေ။ ကိုယ်အလုပ်ကအပြန် ကျောင်းရှေ့က မုန့်စားချင်လာလို့ "
" အင်းပါ ဟုတ်ပါပြီ "
အသံကိုကမုန်းချင်စရာကောင်းအောင် လှောင်ထေ့ထေ့။
ကတုံးဆံပင်ပေါက် ကေကနေ ရှည်လာမှ ဆွဲယမ်းနှုတ်ပစ်ရမည်။" နေ့လည်ခင်းအပျင်းပြေစားရအောင် "
" ဘာတွေလဲ ? "
" ခင်ဗျားမနေ့က တကူးတကလာ၀ယ်တဲ့ မုန့် "
ဆော့ဂျင် စက္ကူအိတ်လေးကို ဖွင့်ကြည့်လိုက်တော့ အဖြူရောင်ဗူးအကြည်လေးနဲ့ ထည့်ထားတဲ့ ဝေဖာတွေ။
" မင်းမနေ့က ငါ့ကိုတွေ့လိုက်လို့လား "
" အင်းလေ..ခင်ဗျားကားကို နောက်က ဟွန်းတွေ ဝိုင်းတီးနေကြတာမှလား "
YOU ARE READING
Endless Poem
Fanfictionကျွန်တော့်အတွက်ကံကောင်းခြင်းဆိုတာ မောင့်မျက်၀န်းညိုတွေနဲ့ ဆုံတိုင်း ခံစားမိနေတဲ့ နာမတစ်ခုဖြစ်တယ်။