16

1.7K 296 57
                                    

For Unicode

အချစ်မရှိလည်း ဘ၀ဟာ ဘာများထူးခြားစွာ ပြောင်းလဲသွားတတ်လို့လဲ..?

သူ့ရဲ့ တစ်နေ့တာကတော့ ပုံမှန်လိုပဲ လည်ပတ်နေဆဲ ဖြစ်သည်။

အလုပ် တွေ ကို ခေါင်းအုံခဲမတတ် စိတ်နှစ်လုပ်နေရင်း သူမေ့ဖျောက်ထားချင်တဲ့ ဖြစ်ရပ်တစ်ခုကို ကြိုးစားပြီး မေ့နေရသည်။

ညအချိန်မတော်မှာ ကြားရမဲ့ တံခါးခေါက်သံ တစ်ခုကို မမျှော်နေဘူးဆိုရင်တော့ သူညာတယ်လို့ ဆိုရမှာပဲ။

အရုဏ်ဦးမှာ သူ့ဆီရောက်လာမဲ့ ဆိပ်ဖလူးပန်းတွေရဲ့ ရနံ့နဲ့ အထိအတွေ့ကို အခုထိတောင်းတနေသလိုမျိုးပေါ့....

ထူးဆန်းတယ်
နမ်ဂျွန်းက ဆိပ်ဖလူးပန်းလုံး၀မကြိုက်ပေမယ့်  နမ်ဂျွန်းကိုတွေးမိတိုင်း ဆိပ်ဖလူးပန်းတွေရဲ့အကြောင်းက ကပ်ပါလာတယ်။

အခုတလော သူ့ရဲ့အိမ်ပြန်ချိန်တွေ နောက်ကျတဲ့ အထိ အလုပ်မှာပဲ အများဆုံးအချိန်ကုန်နေမိသည်။

ပူပူနွေးနွေးမနက်စာဆိုတာဟာ အတူတူစားဖော်မရှိခဲ့တဲ့အခါ အရသာမဲ့တတ်ကြောင်း နားလည်လာသလို
ညနေစာထမင်းဝိုင်းဟာ မျှော်လင့်သူရောက်မလာနိုင်ကြောင်း ပိုသေချာသွားတဲ့အတွက် ဖြစ်တယ်။

အမှန်တရားကို လက်ခံနိုင်ဖို့ ကြိုးစားရင်း သူ့ရဲ့ ခံနိုင်ရည်အားတွေက ပျော်လုလု ‌ဖယောင်းတိုင်လိုပဲ....

မီးတောက်ငယ်လေးဖြစ်ပေမယ့်
သူ့တစ်ကိုယ်လုံးကို ဝါးမြိုနိုင်တဲ့အင်အားရှိတဲ့ မီးတောက်ငယ်‌တစ်ခုဖြစ်နေတယ်။

" အစ်ကို? နေ့လည်စာ ဒီနားမှာ ဆူရှီသွားစားရအောင် "

" တော်ပြီ...ကိုယ် အောက်မှာပဲ ဆင်းစားလိုက်မယ် "

ဒိုယောင်းက ဟွန်းခနဲ သက်ပြင်းချကာ ကားသော့ကို သား‌ေရပိုက်ဆံအိတ်ထဲ ပြန်ထည့်သည်။

" ဒါဆို ကျွန်တော်လည်း အစ်ကိုနဲ့ပဲ လိုက်စားတော့မယ် "

ဒိုယောင်းက သူ့ကို ခင်တွယ်တာသိပေမယ့် တဖြည်းဖြည်း ပိုပြီး ကပ်လာသလိုပင်။

ဒါကလည်း ဒီဌာနမှာ လူကြီးပိုင်းအများစုပဲရှိတာဆိုတော့ သူနားလည်ပေးလို့ရပါ၏။

Endless PoemWhere stories live. Discover now