ဆိုးလ်မှာနေလာရင်း သူ့ရဲ့ အလုပ်ခွင်ကို ငြီးငွေ့စိတ်တွေပေါ်လာတာ ပထမဆုံးပဲ..
သူတကယ်ပဲ အလုပ်မသွားချင်တော့ဘူး။
နမ်ဂျွန်းက ကျောင်းပိတ်ထားတာမို့ အားလပ်နေပေမယ့် သူကတော့ နေ့တိုင်းနီးပါး အလုပ်မှာပဲ အချိန်ကုန်နေရသည်။
ပိတ်ရက်တွေကလည်း အလည်လာတဲ့ လေပွေတစ်ခုလိုပဲ။
မနက်ခင်းတိုင်းနီးပါး သူနမ်ဂျွန်းကိုတွေ့ချင်နေတော့တာဟာ ပုံမှန်မဟုတ်တော့ဘူးလို့ တောင်ထင်သည်။နမ်ဂျွန်းမလာတဲ့ မနက်ခင်းတွေဆို အေးတိအေးစက် မနက်စာနဲ့ ပဲ နှစ်ပါးသွားကာ အလုပ်ကိုစိတ်မပါစွာသွားရ၏။
အဲ့ဒီ့အချိန်တွေဟာ ရင်ထဲကတစ်ခုခုဆွဲယူထားသလို လစ်ဟာလွန်းလှသည်။လေအဝှေ့မှာ ပန်းရနံ့တွေပါလာရင်တောင် နမ်ဂျွန်းရောက်လာပြီလားလို့ သူထင်မိတော့တာပါပဲ
ဆိပ်ဖလူးတွေကို သဘောကျပေမယ့် နမ်ဂျွန်းကြောင့်ပဲ ပိုစွဲလမ်းလာခဲ့ပြီထင်တယ်။
ဆိပ်ဖလူးမကြိုက်တဲ့ကောင်လေးတစ်ယောက် က သူ့ဆီလာတဲ့မနက် တိုင်းမှာ ဆိပ်ဖလူးတွေ ယူလာပေးခဲ့တာကိုး...
" မောင် "
အခန်းတံခါးကို ပိတ်နေတုန်း နမ်ဂျွန်းက သူရှိရာကို ခပ်သွက်သွက်လျှောက်လာသည်။ ပါးစပ်ကို ဟပြီး အသက်ရှူနေတာမို့ အေးခဲတဲ့ရာသီရဲ့ ပြယုဂ် နှင်းငွေ့တွေက ဝေဝါးဝါး ထွက်လာသည်။
လာမည်ထင်မထားတော့ချိန် တွေ့လိုက်ရတာမို့ ဆော့ဂျင်ရဲ့မျက်နှာက အပျော်တွေက ဖုံးဖိ၍ ပင်မရတော့။
အနက်ရောင် Beanie Hatကို နားရွက်ထိလုံအောင်ဆွဲချပြီးဆောင်းထားတဲ့ နမ်ဂျွန်းက ဒီနေ့ပိုပြီး ခပ်ရိုင်းရိုင်းလေးဆွဲဆောင်မှုရှိနေတယ်။
ခါတိုင်းလို ကုတ်အရှည်ကြီးမဟုတ်ပဲ လူငယ်ဆန်ဆန် ဘေ့ဘော့စ် အကျီပုံစံ အဖြူအနက် စပ်ထားသည့် ခပ်ပွပွအနွေးထည်တစ်ထည်နဲ့.....
လူငယ်ဆန်ဆန်အငွေ့အသက်ထက်ပိုတဲ့ ဆွဲဆောင်မှုအားပြင်းလွန်းလှတဲ့ ပုံစံမျိုး။
" ငေးလှချည်လားဗျ ကျွန်တော်ရှက်လာပြီ "
ရှက်လာပြီ သာ ပြောတာ မျက်နှာက အနိုင်ရရှိသူ၏ မျက်နှာထားမျိုးဖြင့်...
သူ၏ကောင်းမွန်ခြင်းတွေကြား နစ်မွန်းနေတဲ့ လူတစ်ယောက်ကို ကြည့်ရင်း ကျေနပ်နေတဲ့ အငွေ့အသက်တွေက ခပ်ချောချောမျက်နှာပေါ်မှာ အထင်းသားပင်။
YOU ARE READING
Endless Poem
Fanfictionကျွန်တော့်အတွက်ကံကောင်းခြင်းဆိုတာ မောင့်မျက်၀န်းညိုတွေနဲ့ ဆုံတိုင်း ခံစားမိနေတဲ့ နာမတစ်ခုဖြစ်တယ်။