For Unicode
နမ်ဂျွန်းဆီမှာ သူ့အတွက် အချစ်မရှိပေမယ့် သံယောဇဉ်ရှိတယ်လို့တော့ ဆော့ဂျင်ထင်မိသည်။
ဆိုးလ်မှာကျောင်းတတ်နေပြီ ဖြစ်တဲ့ နမ်ဂျွန်းက သူ့ရဲ့တစ်နေ့တာ အနှစ်ချုပ်ကို သူစိတ်ကြည်တဲ့အခါ စိတ်လိုလက်ရ
ဆော့ဂျင်ကို ရှင်းပြတတ်တယ်။အဲ့ဒီအခါ သူကလုပ်လက်စအလုပ်တွေကို နားပြီး ကောင်လေးပြောသမျှကို သဘောတကျနားထောင်ပေးရတော့တာပါပဲ။
တက္ကသိုလ်ကျောင်းသားဘ၀ရဲ့ ရောင်စုံတဲ့ ပျော်ရွှင်ခြင်းတွေထက် နမ်ဂျွန်းက ရင့်ကျက်စွာပဲ သူလုပ်မဲ့အနာဂတ်လုပ်ငန်းတွေအကြောင်းရယ်၊ သင်တန်းတစ်ချို့တတ်ဖြစ်တဲ့ အကြောင်းတွေကို ပဲ ပိုအသားပေးပြောတယ်။
နှစ်လဆိုတဲ့ အချိန်ကုန်ဆုံးသွားပေမဲ့ နမ်ဂျွန်း ပြောဖို့ မေ့နေခဲ့တဲ့ စကားရှိတယ်။
အဲ့တာက "မောင့် ကိုလွမ်းတယ် "ဆိုတာပဲ....။
.
.
.
.
.
.
နှစ်သစ်ကူးရုံးပိတ်ရက်ဖြစ်တာမို့ လူတိုင်းဟာ ရက်တိုခရီးသွားဖို့အရေးကို တတ်ကြွနေကြသည်။ဆော့ဂျင်လည်း ထိုနည်းလည်းကောင်းပင်။
ဆိုးဂန်နဲ့သူ ဆိုလ်းကနမ်ဂျွန်းရှိရာကို သွားကြမည်။ သူတို့နှစ်ယောက်လာမည်ဆိုတဲ့ အကြောင်းကို နမ်ဂျွန်းအားပေးမသိပဲ စ ကြမည်...
အချိန်အတော်ကြာမှ ကလေးအတွေးတွေနဲ့ ဆော့ဂျင်ရင်ထဲမှာ လိပ်ပြာတွေယှက်မြူးနေသလိုပင်ခံစားရ၏။
ခရီးဆောင်အိတ်ထဲမှာ အနက်ရောင်ထက်
အရောင်နုနု လူငယ်ဆန်ဆန်လေးတွေကို ပဲ ရွေးထည့်လိုက်သည်။မနက်လေးနာရီစထွက်မှာမို့ စောစောအိပ်ရမည်ဖြစ်သော်လည်း ရင်တွေခုန်လွန်းနေတာကြောင့် မအိပ်တော့ပဲ ကော်ဖီတစ်ခွက်ကို ဖျော်သောက်ကာ အခန်းပြတင်းကတဆင့်မြင်နေရတဲ့ ဆိပ်ဖလူးပန်းရုံကြီးကို ကြည့်နေမိသည်။
ဖန်ပုလင်းလေးထဲ ဆိပ်ဖလူးပန်းတွေ ကောက်ထည့်သွားပြီး နမ်ဂျွန်းအား လက်ဆောင်ပေးလိုက်ပါလျှင် ထိုကောင်လေး ဘယ်လောက်တောင်စိတ်ဆိုးလိမ့်မည်မသိ။
YOU ARE READING
Endless Poem
Fanfictionကျွန်တော့်အတွက်ကံကောင်းခြင်းဆိုတာ မောင့်မျက်၀န်းညိုတွေနဲ့ ဆုံတိုင်း ခံစားမိနေတဲ့ နာမတစ်ခုဖြစ်တယ်။