22

1.6K 254 54
                                    


For Unicode

မကျွမ်းကျင်သေးတဲ့ လမ်းမထက်မှာ အရှိန်ကုန်တင်ပြီး ကားတစ်စီးကို မောင်းနှင်လာရတာ သူ့အတွက် တကယ်မလွယ်ပါ။

ကြွတတ်လာတဲ့ ရင်ထဲကအပူတွေကို ကတ္တရာလမ်းပေါ် ကားဘီးနဲ့ ဖိကြိတ်ဖြတ်နင်းသလို ခြေဖျက်လို့ ရရင်လည်းအကောင်းဟုသာတွေးမိသည်။

နမ်ဂျွန်းဂွမ်ဂျူကို ရောက်တော့တဖြည်းဖြည်း‌အမှောင်ထုက ဝါးမြိုလာပြီး ညဥ့်ယံက နက်လာသည်။

အိမ်ပြန်လမ်းရဲ့ ခံစားချက်တွေက အကျည်းတန်လွန်းတာမို့ မီးရောင်စုံ လင်းနေတဲ့ အိမ်ကို တစ်ချက်ကြည့်ကာ ကားကို ဘောလုံးကွင်းဘက်သို့ မောင်းလာလိုက်သည်။

ကိုကို့ ကို ဖုန်းဆက်တော့ ဖုန်းမျှော်နေသူတစ်ယောက်လို ချက်ချင်းကိုင်၏။ လေသံကတော့ ပြေပြေလည်လည်မဟုတ်လှ။

ညနေခင်းသူ့ဆီဆက်ကတည်းက ကိုကို့အသံက ကမူးရှူးထိုးနိုင်နေခဲ့တာ ဖြစ်သည်။

ထားပါလေ ဒါတွေ ဂရုမစိုက်...။

သူဖုန်းဆက်ပြီးမကြာပါ ကိုကို က ခပ်သုတ်သုတ်နဲ့ သူရှိရာလျှောက်လာနေသည်ကို တွေ့ရ၏။

နမ်ဂျွန်းကို မြင်တာနဲ့ ကိုကိုက လက်သီးတစ်ချက် လှမ်းထိုးလိုက်သည်။

ကြိုတင်ပြင်ဆင်ထားတာမို့ ယိုင်သည်ဆိုရုံမျှပဲ ယိုင်သွားကာ ကိုယ်ကို သေချာပြန်မတ်လိုက်သည်။

စပ်ဖျင်းသွားတဲ့ ပါးစောင်တစ်ဖက်ကို လျှာဖြင့်ထိုးလိုက်ရင်း သူရယ်ဖို့ပဲတတ်နိုင်လိုက်တယ်။

" ကိုကို မင်းကျေနပ်ပြီလား ?"

" ဂျွန်းလေး မင်းစိတ်မှန်သေးရဲ့လား?
ဒီလက်သီးတစ်ချက်နဲ့ ငါက ဘာကိုကျေနပ်ရမှာလဲ....မင်း အဲ့လောက်ကြိုက်စရာလူရှားလို့ ယောကျာ်းတစ်ယောက်ကို!! "

" ကိုကို သူက မင်းသူငယ်ချင်းလေ "

ကိုကို့မျက်နှာက ပို၍တင်းမာသွားကာ တောက်ကို ပြင်းစွာခေါက်လျှက်

" အေး ငါ့သူငယ်ချင်းမို့...
တခြားလူသာဆိုရင် အဲ့နေရာမှာတင် ငါသူ့ကိုသတ်ပစ်တယ် "

Endless PoemWhere stories live. Discover now