24

1.2K 194 21
                                    

For Unicode

အပိုင်း 24 : အချစ်ပုံပြင်

အချစ်မှာ ချိုမြိန်မှုတွေပဲ ရှိရမယ်လို့ တစ်ထစ်ချ တွေးထားရင် ခင်ဗျားအတွေးတွေ မှားတယ် လို့ ကျွန်‌တော် ပြောချင်တယ်။
ချစ်နေရခြင်းဟာ တစ်ခါတစ်လေ မျက်လုံးမှိတ်ပြီး လျှောက်နေရတဲ့ ကြိုးတန်းလိုပဲ...အသည်းတစ်အေးအေး၊ ရင်တစ်ဖိုဖို။
‌ပြုတ်ကျသွားမလား ၊ ခြေချော်သွားမလား ဆိုတဲ့ အတွေးတွေနဲ့ ကြောက်စိတ်တွေလည်း ရှိရပြန်သေးတယ်။
ပုထုဇဉ်တွေမို့ အနိုင်ယူချင်ကြတဲ့အခါ မရည်ရွယ်ပါပဲ စိတ်ထဲက နာကျင်စေဖို့ ပြောမိတာတွေလည်း အခါခါ။
အစုံပါပဲ။
ဒါပေမယ့် အကုန်ရောသမမွှေလိုက်ရင်တော့ ချစ်ခြင်းသာ သိပ်ကို အရသာရှိတဲ့ ဟင်းပွဲလေးလိုဖြစ်သွားမယ်။ ချိုချဉ်ဖန်ငံစပ်ခါး အစုံပေါ့။
တစ်ခါတစ်လေလေး ငရုတ်သီးကိုက်မိတာနဲ့ ဒီအရသာရှိတဲ့ ဟင်းပွဲကို သွန်ပစ်ဖို့ဆိုတာ ဖြစ်နိုင်မှာမဟုတ်ဘူးလေ။
ကျွန်တော် နဲ့ မောင်က လည်း ဒီလိုပဲ။
စိတ်သဘောထားခြင်း မညီတော့ ညှိလို့မရပဲ ရန်ဖြစ်ကြရတာ အခါခါ...
မောင့် ကို ပြန်ချော့ရတဲ့ အခါတိုင်း ကျွန်တော် ပိုပိုပြီး အဲ့ဒီ့လူသားကို ပိုချစ်လာသလို ခံစားရတယ်။
အရှုံးပေးရတာပျော်စရာကောင်းတယ်လို့ တွေးထားပေမယ့် ဂျစ်ကန်ကန်သူ့စိတ်ကတော့ မောင့်ကို စနောက်ချင်‌နေဆဲပဲ။
တစ်ယောက်တည်း အတွေးပေါက်နေရင်း အိမ်ရှေ့မှာ မောင် တင်ထားတဲ့ ဆိပ်ဖလူးပန်းတွေအပြည့်နဲ့ ဖန်ပုလင်းတွေဆီ အကြည့်ကရောက်ရတယ်။
သူကောက်လာပေးတဲ့ ပန်းမှန်သမျှကို မောင်က ဖန်ပုလင်းတွေနဲ့ ထည့်ထားက ခြောက်သွေ့သွားရင်တောင် သိမ်းထားတတ်သည်။
ဒါကလည်း မောင်ပြတတ်သော မေတ္တာတစ်မျိုးပါပဲ။
နမ်ဂျွန်း ထိုပုလင်းငယ်တွေကို ကြည့်ရင်း သဘောကျစွာ ပြုံးလိုက်ကာ ဖုန်းကိုထုတ်၍ ဓာတ်ပုံရိုက်လိုက်သည်။
ထို့နောက် အင်စတာဂရမ် မှာ ထုံးစံအတိုင်း ဘာ Captionမှ မရေးပဲ ဒီအတိုင်း တင်လိုက်၏။
နမ်ဂျွန်း၏ အင်စတာဂရမ်ဟာ နေရာအမျိုးမျိုးကနေ ရိုက်ထားတဲ့ ဆိပ်ဖလူးပန်းပုံတွေနဲ့သာ ပြည့်နှက်နေပြီး တစ်ခါတစ်လေ ဆော့ဂျင်ရဲ့ လက်ချောင်းတွေကို ရိုက်ပြီး တင်တတ်သေးတယ်။
ဘာပုံတွေမှန်းမသိပေမယ့် အောက်ကနေအမြဲ မန့်တတ်ပြီး နမ်ဂျွန်းအား အီတတ်သော လူတစ်ချို့ကို ' အမျိုးသားရှိပါတယ် ' ဟူသော စာတစ်ကြောင်းဖြင့် လက်ချင်းတွဲထားသည့် ပုံတစ်ပုံ တင်ကာ အသည်းခွဲထားတာ မကြာသေး။
ဆိုရှယ်မီဒီယာနှင့် ကင်းဝေးသော မောင် ကတော့ သူလုပ်နေတာကို မသိပါ။
သိရင်လည်း ဒီကောင်လေး ကကွာ ဟူ၍ ခပ်ပြုံးပြုံးဆိုရုံက လွဲ၍ ဘာမှလုပ်ခြင်းရှိမှာမဟုတ်တာကို နမ်ဂျွန်းသိ၏။
" ဟေ့ ကောင်လေး "
မွှေးပျံ့တဲ့ ဟင်းရနံ့တွေနဲ့ အတူ မောင်က ပါဆယ်ဗူးတွေ ဆွဲကာ သူ့ရှေ့ရောက်လာသည်။
" ၀က်ခြေထောက် ၀ယ်လာခဲ့တယ် "
အလုပ်ကအပြန်မို့ ခပ်နွမ်းနွမ်းဖြစ်နေတာကလွဲရင် မောင့်မျက်နှာဟာ ကြည်စင်နေသည်။
အမြဲတစေပြုံးနေလေ့ရှိတဲ့ နှုတ်ခမ်းတွေကို ဘာမပြောညာမပြောဖြင့် သူလှမ်းနမ်းလိုက်တော့ ဟေး ဟု တစ်ချက်အော်ကာ ရှက်ဝဲဝဲ ရယ်သည်။
" ရေသွားချိုးတော့။ ကျွန်တော်ပြင်ထားလိုက်မယ်"
" အင်း "
နေ့ရက်တိုင်းက ဒီလိုပဲ သမားရိုးကျ။
နမ်ဂျွန်း ကျောင်းကအပြန် ‌နောက်ကျတဲ့‌ေန့တွေဆို မောင်က ဒီကြိမ်ခုံလေးမှာ သူ့ဆိပ်ဖလူးပုလင်းငယ်တွေကို ကြည့်ရင်းစောင့်တတ်သလို
မောင်အလုပ်က ပြန်လာချိန် ဟာ ‌နောက်ကျရင် နမ်ဂျွန်းက ဒီလိုပဲ ထိုင်စောင့်နေကျ။
မောင်က သူ‌နောက်ကျတဲ့နေ့တိုင်း စားစရာတစ်ခုမဟုတ်တစ်ခု ၀ယ်လာတတ်သည်။
ချော့တာတဲ့...။ ကျွန်တော်လည်း စိတ်မဆိုးရပါပဲ  ရယ်။
ရေချိုးပြီးစ ဆပ်ပြာမွှေးရနံ့ သင်းသင်းလေးနဲ့ မောင်က ကြည်လင်ဖူးသစ်နေသည်။
တီဗွီက လာတဲ့ လိုင်းတစ်လိုင်းကို အပျင်းပြေ ကြည့်ရင်း မောင် ပြောပြတဲ့ တစ်နေ့တာရဲ့ ပျင်းရိငြီးငွေ့ဖွယ် အကြောင်းတွေကို စိတ်ပါ၀င်စားစွာ နားထောင်ပေးရတယ်။
ရင့်ကျက်တဲ့ အစ်ကိုကြီးရဲ့ ကလေးဆန်တဲ့ ဒီလိုတစ်ဖက်ခြမ်းဟာ သူ့ပုခုံးပေါ်မှာပဲ အလိုလို ထွက်ဟလာတတ်တယ်။
သူကမနှစ်သိမ့်တတ်ပေမယ့် မောင့် စိတ်ကိုတော့ ချမ်းသာအောင် ထားပေးနိုင်တယ်။
အနမ်းခပ်ဖွဖွပေးမယ်။
မောင့်ကို စိတ်ရှုပ်စေတဲ့ သူတွေကို မှတ်ထားပြီး ကြုံရင်ကြုံသလို ဒုက္ခတွေပေးမယ်။
အချစ်အကြောင်းကို ဘယ်သူတွေဘယ်လို
ပဲ အကျယ်တစ်၀င့် ပြောပြော...
ကျွန်တော့်အချစ်ဟာ ဘယ်လိုပဲ
မှားယွင်းနေတယ် ပြောပြော...
ကျွန်တော်တို့နှစ်ယောက်ရဲ့ အချစ်ပုံပြင်မှာ
ဘယ်သူ့ ဒဿနမှ လွှမ်းမိုးခြင်း မခံစေရဘူး။
ကျွန်တော် မွေးဖွားလာပြီး
ဘ၀မှာ ယုံကြည်မှုအပြင်းထန်ဆုံး ကိစ္စရပ်က တစ်ခုပဲ ရှိတယ်။
အဲ့တာက ကင်မ်ဆော့ဂျင်လို့ ခေါ်တဲ့ အစ်ကိုကြီးအပေါ် ထားတဲ့ အချစ်တွေပဲ။
မောင် လို့ ခေါ်တဲ့
ကျွန်တော့် အမျိုးသားကို
ရူးမတတ်ကို ချစ်ရတယ်...။
ဒါဟာ ဦးနှောက်နဲ့မဆိုင်တဲ့
ယုံကြည်ချက်တစ်ခု၊ နှလုံးသားတစ်ချက်အခုန် ပြောနေမဲ့ စကားတွေဖြစ်တယ်.....။
__________________
" တော်ပါကွာ။ မောင် ဘာမှမကြားချင်ဘူး "
ပါဝါထူ မျက်မှန်တစ်လက်ကို ကောက်တပ်ကာ မောင်က ကားသော့အား ဆွဲ ၍ ထွက်ဖို့ဟန်ပြင်သည်။
နမ်ဂျွန်းကအိမ်ရှေ့တံခါးကို ပိတ်ရပ်ပြီး တားလိုက်တော့ စူးခနဲ ကြည့်သည့် မျက်၀န်းညိုတွေဟာ ဒေါသဒီဂရီအပြည့် ဖုံးလျှက်။
" မောင် ခင်ဗျား
ကလေးမဆန်နဲ့ "
အမြဲရင့်ကျက်သည့်ဟန် ဖမ်းခဲ့သော မောင်ဟာ သူ့စကားကြောင့် မာနထိခိုက်သွားသည်ထင်သည်။
ဒေါသအကြည့်ဖြင့် တစ်ချက်ကြည့်ကာ နမ်ဂျွန်းအား အရှိန်နှင့်တွန်းထုတ်လိုက်၏။
သူ အား ခနဲ အော်ကာ လက်မောင်းနှင့် တံခါး ခိုက်မိသွားပုံပြတာတောင်မှ တစ်ချက်လှည့်မကြည့်ပဲ အိမ်ရှေ့က ကားဆီ အမြန်လျှောက်သွား၏။
ဒီတော့ နမ်ဂျွန်းလည်း ခြေလှမ်းကြဲတွေဖြင့် အပြေးလိုက်ကာ ဆွဲရပြန်သည်။
မောင် ဂျစ်တိုက်ရင် သိပ်ဆိုးတာ။
" အဲ့တာ ကျောင်းက ပရောဂျက်အတွက် လုပ်ရတဲ့ အသေးစားသရုပ်ဆောင်မှုလေးပါဆိုဗျာ။ တစ်ရက်ပဲ စောင့် ဆရာတွေကို အဲ့ပရောဂျက်ပြပြီးရင် မောင့်ဆီ အုပ်စုလိုက် ခေါ်လာပြီး လာသက်သေခံခိုင်းမယ် "
မောင် စိတ်ဆိုးနေရသည့် အကြောင်းအရင်းက နမ်ဂျွန်းကို ကောင်မလေးတစ်ယောက်နှင့် ကျောင်းက ကော်ဖီဆိုင်မှာ နှစ်ယောက်တည်း တွဲတွေ့ခဲ့ရလို့။
ကျောင်းက ရုပ်သံပရောဂျက်တစ်ခုအတွက် အဖွဲ့ထဲမှ အနည်းငယ် သရုပ်ဆောင်တတ်သော ကောင်မလေးတစ်ယောက်နှင့် နမ်ဂျွန်း တွဲကာ ဇာတ်လမ်းတိုပုံစံ ရိုက်ကူးရတာဖြစ်သည်။
မောင့်ကို ပြောဖို့လုပ်ပေမယ့်
ဒီရက်ပိုင်း အလုပ်တွေဆက်တိုက်ရှုပ်ကာ အိမ်ပြန်နောက်ကျနေသည်ကို တွေ့တာကြောင့် မပြောသေးပဲနေခဲ့တာ။
ပြောရရင် ကိုယ့်လိပ်ပြာကိုယ်လုံတာလဲ ပါပါ၏။
မောင်ကျောင်းကို ရောက်လာသည့်အချိန်
သူနှင့် ထိုကောင်မလေးက ဇာတ်ညွှန်းအတိုင်း လေ့ကျင့်နေကာ
ရိုက်ကူးရေးလုပ်မည့် အဖွဲ့သားတွေကလည်း မစုံသေး။
ဒါ့ကြောင့် မောင်က အမှန်အကန်ကို အထင်လွဲသွားတော့တာဖြစ်သည်။
ကျောင်းကအပြန် ကုမ္ပဏီထိသွားရှာကာ ရှင်းပြဖို့ပြင်ပါသော်လည်း ထွက်မတွေ့။
အိမ်ရောက်တော့လည်း မျက်နှာချင်းမဆိုင် ရှောင်ထွက်ဖို့ပဲ ပြင်နေတာမို့ နမ်ဂျွန်းဘာလုပ်ရမှန်း တကယ်ကိုမသိတော့ပြီ။
ကူရှင်းပြခိုင်းဖို့ ရာအတူတူတွဲသရုပ်ဆောင်သည့် အတန်းဖော်မိန်းကလေး၏ ဖုန်းနံပါတ်မှာလည်း သူ့ဆီမရှိ။
" ဖယ်....လက်ထိမယ် "
မာတင်းတင်းနှင့် စိတ်ဆိုးမာန်ဆိုးဖြစ်နေပါသော်လည်း သူလက်ထိမှာ စိုးရိမ်နေသေးသည့် မောင့် ကို နမ်ဂျွန်း စိတ်ထဲမှ ဖျစ်ညှစ်ချင်နေပြီ ဖြစ်သည်။
"  ညနေစောင်းနေပြီ။ ဘယ်မှမသွားပါနဲ့တော့ဗျာ "
လေသံပျော့လေးနှင့် တောင်းဆိုလာသည့် နမ်ဂျွန်းကို ‌‌ ဆော့ဂျင် ရှုတင်းတင်းပဲ ကြည့်လိုက်သည်။
မယုံဘူး မဟုတ်၊ ယုံသည်။
စိတ်ဆိုးတာက ရှင်းမပြခင်က...
အခုအလုံးစုံသိသွားတော့ သူ စိတ်ဆိုးခြင်းမရှိတော့ပါ။
ဒါပေမယ့် ဝုန်းဒိုင်းကြဲထားသော အရှိန်ကြောင့် တိခနဲရပ်ပစ်ဖို့ မဖြစ်နိုင်၍ မထူးဇာတ်ဆက်ခင်း‌နေလေခြင်းဖြစ်သည်။
" ဒီနေ့ည အခန်းခွဲအိပ်။
ဒါဆို ငါမသွားတော့ဘူး "
" ဟာ မောင်ကလဲဗျာ "
စူချိတ်သွားတဲ့ နမ်ဂျွန်း၏ မျက်နှာ‌ကို ကြည့်ကာ ဆော့ဂျင်တစ်ဖက်သို့ မသိမသာလေးလှည့်ရယ်ရသည်။
"  ရတယ်လေ။ မအိပ်ချင်လဲ "
ကားစက်နှိုးဖို့ပြင်လိုက်တော့ ခနခန ဟု ဆိုကာ ကပျာကယာ လှမ်းတားသည်။

Endless PoemWhere stories live. Discover now