18

1.9K 279 70
                                    

For Unicode

ခေါင်းမှာ ပတ်တီးအဖွေးသားနဲ့ နမ်ဂျွန်းက ခပ်ငူငူထိုင်နေသည်။

တည်တင်းနေတဲ့ မျက်နှာကြောင့် နဂိုက ထင်ရှားသည့် အချိုးအဆစ်ကျနတဲ့ မေးရိုးတွေ က တစ်မူထူးစွာ ထင်းလျှက်...

စိမ်းညိုရောင် အပါးစားဆွယ်တာ တစ်ထည်ကို ကြယ်သီးမတပ်ပဲ အပြာရောင် တီရှပ်ပေါ်မှာ ဖြစ်သလို၀တ်ထားသေး၏။

" နမ်ဂျွန်း...ငါလာပြီ "

သူအသံပြုလိုက်ရင်း နမ်ဂျွန်းရှိရာလျှောက်သွားတော့ ဟုတ် ဟူသည့် တိုပြတ်ပြတ် ဖြေသံလေးကိုသာ ကြားရသည် ။

" မနက်စာ စားပြီးပြီလား "

" ဟင့်အင်း "

" ဒါဆို..ငါစီစဉ်ပေးထားမယ်။
ရိုက်ကူးရေးကိုတော့ စိတ်မပူနဲ့ မင်းကိုပဲ အပြည့်အ၀နားစေချင်ကြတယ်...

နောက်နှစ်ရက်လောက်မှပဲ..."

" ကျွန်တော် အလုပ်အကြောင်းတွေ မပြောချင်ဘူး မောင် "

သူ့ဘက်ကိုငေးကြည့်လာတဲ့ နမ်ဂျွန်းရဲ့ မျက်၀န်းတွေကို ကြည့်ရတာ ပင်လယ်ပြင်မှာ လမ်းပျောက်နေတဲ့ လှေတစ်စင်းလိုပဲ ခံစားရတယ်။

" ငါက ပြန်တော့မှာ နမ်ဂျွန်း...
Professionalတစ်ယောက်လို နေမယ်လို့ ငါမျှော်လင့်ပါတယ် "

" နေပါအုံး...ခင်ဗျား ဘာလို့ သိပ်လောနေရတာလဲ? "

" ဟိုမှာ အလုပ်တွေရှိသေးတယ်
ဒီကိုလာတဲ့ ကိစ္စအတွက်လည်း အဆင်ပြေပြီမို့ ငါပြန်မှရတော့မှာ "

နမ်ဂျွန်းနဲ့ သူ့အရပ်ကမတိမ်းမယိမ်းရှိခဲ့ပေမယ့် အခု ကတော့ နမ်ဂျွန်းက သူ့ကိုအုပ်မိုး ကြည့်နေသည်အထိကို ကွာခြားသွားသလိုပင်။

" မသွားရဘူး "

" ကင်မ်နမ်ဂျွန်း "

" ဟုတ်တယ်...ခင်ဗျားရည်းစား"

" Exလို့ ပြောမှ မှန်မယ်ထင်တယ် "

ထူထဲစိမ်းမြတဲ့ နမ်ဂျွန်းရဲ့ မျက်ခုံးတွေပင့်တတ်သွားကာ ဝိုး ဟု တစ်ချက်အသံပြုတယ်။

မထီတရီမျက်နှာပေးလေးပေါ်မှာ ဖြတ်ပြေးသွားတဲ့ ခပ်မဲ့မဲ့အပြုံးတစ်ခုကိုက ဆွဲဆောင်မှုအားပြင်းစွာ...

Endless PoemWhere stories live. Discover now