For Unicode
ဆိုးလ်မှာနေရတဲ့ ခနတာ အားလပ်ရက်တွေဟာ ချိုမြိန်ဖွယ်အတိ။
နှင်းတွေပိတ်သည်းနေအောင်ကျသော်လည်း မီးလင်းဖိုလိုအနွေးဓာတ်ပေးတဲ့ ရင်ခွင်တစ်ခုရှိသည်။
ညတိုင်း ဧည့်ခန်းထဲကနေ ခြေသံဖွဖွလေးလျှောက်ပြီး သူ့ဘေးမှာ လာအိပ်တတ်တဲ့ ကောင်လေးကြောင့် သူ့မှာညတိုင်း ဆယ်ကျော်သက်တစ်ယောက်လို ရင်ခုန်ရမြဲ။
ထို့အပြင်နမ်ဂျွန်းကမနက်အစောကြီးထပြီး ဆိပ်ဖလူးပန်းတွေ သွားကောက်ကာ သူ့အိပ်ယာဘေးမှာဖြစ်စေ၊ ဒါမှမဟုတ် ကြိုးစလေးနဲ့သီခွေကာ သူ့အိတ်ထောင်ထဲ ထည့်ထားပေးတာဖြစ်စေ လုပ်တတ်၏။
ပြီးရင်တော့ ပန်းရနံ့စွဲထင်ကျန်တယ်လို့ စိတ်ထင်၍လားမသိ လက်ကိုအကြာကြီးဆေးကြောတတ်သည်။
ဒါကြောင့် နမ်ဂျွန်းရဲ့လက်ကလေးတွေဟာ မနက်ခင်းတွေမှာ ပို၍ နီရဲနေတတ်၏။
ဒီနေ့တော့ နမ်ဂျွန်းကထမသွား။
မနက်ေခြာက်နာရီဆိုတာကို စားပွဲပေါ်က နာရီငယ်က ညွှန်ပြနေကာ အအေးဓာတ်ကလည်း သိသိသာသာကိုကဲနေသည်။
စောင်ပုံထဲမှ လူနှစ်ယောက် မျက်နှာချင်းဆိုင်ရင်း ဘာစကားမှမပြောပဲ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေခြင်းဟာ ငြီးငွေ့ဖွယ်လို့ထင်နိုင်ပေမယ့် ဆော့ဂျင်ရဲ့ နှလုံးသားကတော့အေးမြနေ၏။
အလားတူ နမ်ဂျွန်းကလည်း ထိုအခြေအနေကို ကျေနပ်သလို သူ့ထံမှအကြည့်မခွာပဲ သူ့မျက်နှာကိုသာ လက်ညိုးလေးတစ်ချောင်းဖြင့် ထိ၍ ဆော့ကစားနေသည်။
" မနက်ဖြန်ပြန်တော့မှာမှလား "
အိပ်ရာနိုးစအသံ အစ်အစ်က နမ်ဂျွန်းပြောတာမို့ ပိုပြီး ဆွဲဆောင်မှုရှိနေသယောင်။
ဆော့ဂျင်သက်ပြင်းလေးလေးချလိုက်ရင်း
သူ့ရဲ့ စိတ်သဘောကို ပြလိုက်သည်။နမ်ဂျွန်းကဘာမှဆက်မပြောတော့ပဲ သူရှိရာကို ပို၍ တိုးကပ်လာကာ ဖက်လိုက်၏ ။
ယှက်မြူးနေတဲ့ လည်ဇလုပ်လေးက ဆော့ဂျင်ရဲ့ နှာဖျားလေးနဲ့ တစ်တန်းတည်းဖြစ်သွားတာမို့ သူအမြတ်တနိုးနမ်းရှိုက်လိုက်သည်။
YOU ARE READING
Endless Poem
Fanfictionကျွန်တော့်အတွက်ကံကောင်းခြင်းဆိုတာ မောင့်မျက်၀န်းညိုတွေနဲ့ ဆုံတိုင်း ခံစားမိနေတဲ့ နာမတစ်ခုဖြစ်တယ်။