21

1.4K 255 15
                                    

For Unicode

" နောက်တပါတ်ဆို ကျွန်တော်လဲ လိုက်လို့ရတဲ့ဟာကို....မောင် ကမမိုက်ပါဘူးဗျာ "

ကုတင်ပေါ်  မှာ ခပ်မိန့်မိန့်ထိုင်ရင်း
သူ‌ခေါက်နေသမျှ အ၀တ်တွေကို နမ်ဂျွန်းက ပြန်ဖွကာ သူ၏မကျေနပ်မှုကို ပြသနေသည်။

ဆော့ဂျင်မှာတော့ ထိုအပြုအမူလေးကိုပဲ ချစ်မ၀နိုင်ဖြစ်နေရတာကြောင့် ခပ်ဆဆ မာန်မဲရုံလေးတောင် မလုပ်နိုင်။

" မောင် မပြန်တာ သိပ်ကြာနေပြီလေ..
ဟိုမှာ အမေကတစ်ယောက်တည်းအထီးကျန်နေမှာ "

နမ်ဂျွန်းရဲ့ မျက်နှာကတင်းနေဆဲပေမယ့် မျက်လုံးတွေက နူးညံ့သွားကာ ဆော့ဂျင်ရဲ့ ခေါက်ပြီးသား အ၀တ်တွေကို မဆော့တော့ပဲ တစ်ဖက်သို့ ကပ်လိုက်သည်။

"  ကျွန်တော့်ကြောင့် ဆိုတာသိတာမို့လေ....မောင့် ကိုကျေးဇူးတင်တယ် "

"  အင်း လိမ်လိမ်မာမာ နေ "

" ဟုတ် "

ဖြူနုနု နမ်ဂျွန်းရဲ့ ပါးပြင်ကို သူလက်နဲ့ခပ်ဖွဖွလေးဆွဲလိုက်တော့ ငြိမ်ခံသည်။

ထို့နောက် ဘာအတွေးပေါက်သည်မသိ သူ့အား ကုတင်ပေါ်၀င်ထိုင်စေရင်း တစ်ရှုံ့ရှုံ့နမ်းတော့၏။

သင်းမြမြ ယောကျာ်းပျိုတစ်ဦးရဲ့ ကိုယ်သင်းနံ့က သူ၏ အနံ့အာရုံထဲကို ငြင်သာစွာတိုးဝှေ့လာသည်။

စွဲမက်ဖွယ်...တဆက်တည်း နူးညံ့ဖွယ်

" ကျွန်တော် ဒီဘက်က အလုပ်တွေ ပြီးရင်လဲ မှီသလောက်လေး လိုက်လာခဲ့မယ်နော် "

" အာ ပင်ပန်းမှာပေါ့!
နောက်တပါတ်မင်း ဂွမ်ဂျူ ပြန်ချင်ရင်လည်း မောင်လိုက်ခဲ့ပေးမယ်လေ "

" အင်းပြီးတာပဲ....ဘဲကြီး စကားကို ဒီတစ်ခါ နားထောင် ပေးမယ် "

ဟော....ဘဲကြီး ဖြစ်ရပြန်ပြီ။

အခေါ်အဝေါ်တွေကို စိတ်ခံစားချက်အလိုက်ပြောင်းတတ်တဲ့ နမ်ဂျွန်းရဲ့ အကျင့်လေးက ငယ်ငယ်ကအတိုင်းပင်ဖြစ်နေဆဲ။

အခုရက်ပိုင်း ခေတ်စားနေတဲ့ သူမသိတဲ့ စကားလုံးတွေနဲ့လဲ ဆော့ဂျင် ကို တစ်မျိုးပြီး တစ်မျိုးခေါ်တတ်သည်။

Endless PoemWhere stories live. Discover now