17

1.7K 288 68
                                    

For Unicode

မေ့နိုင်တာမဟုတ်ပဲ နေတတ်လာတဲ့ နေ့ရက်တစ်ချို့ဟာ ၀မ်းနည်းစရာကောင်းပေမယ့် ကျေနပ်စရာကောင်းသား လို့ သူ့ကို ထင်စေတယ်။

ဒီလိုပါပဲ...
ကံကြမ္မာစေလိုရာ သွားနေတဲ့ ဇာတ်ကြောင်းကို ပြောင်းလဲ ဖို့ ဘယ်သူကတတ်နိုင်မှာလဲ!

နမ်ဂျွန်းဟာ တဖြည်းဖြည်း အောင်မြင်လာတဲ့ သူ တစ်ယောက်ဖြစ်လာတာကို သူမြင်တွေ့နေရတယ်။

ဘယ်လောက်ထိ လဲဆိုရင် Social Mediaနဲ့ အလှမ်းဝေးတဲ့ သူ့အမေတောင်မှ ဖုန်းဆက်ရင်း နမ်ဂျွန်းအကြောင်း ပြောရသည်အထိကို...

ဂွမ်ဂျူရဲ့ ရတနာကျောက်မြတ်ကလေးသဖွယ် နမ်ဂျွန်းရဲ့ တန်ဖိုးတွေက တင့်တင့်တယ်တယ် ရှိလှတယ်...။

ဒီအောင်မြင်မှုတွေကို သူတကယ် ပျော်ရွှင်မိတာ၊ မုဒိတာပွားမိတာကိုတော့ ၀န်ခံရမည်။

ဒီကောင်လေး အဆင်ပြေနေတာမြင်ရတာကိုက ပျင်းရိခြောက်သွေ့စရာ သူ့ဘ၀ကို အနည်းငယ်တော့ ပျော်ရွှင်စေတယ်။

အချစ်ဆိုတာမတွေးပါနဲ့ဦး..
ငယ်သံယောဇဉ်လေးတစ်ခုနဲ့တင် မောင့်မှာ...

ထားပါတော့..
ပြီးခဲ့တာတွေပဲ။

ဒီလို နေ့ဓဓူ၀ ဖြစ် ပျက်နေတဲ့ လုပ်ငန်းစဉ်တွေထဲမှာ ဆော့ဂျင်က ပိုပြီး အလုပ်များလာတယ်။

အခုလည်း ဘာမဆိုင်၊ ညာမဆိုင် ဂျယ်ဂျူရောက်နေတဲ့ ရိုက်ကူးရေးအဖွဲ့ ဆီကို ကုန်ပစ္စည်းအသစ်အကြောင်း ရှင်းလင်းချက်တွေပေးဖို့ Mailပို့ရုံပင် မဟုတ်ပဲ လူကိုယ်တိုင်ပါ သွားကူ ရန် လွှတ်ခံလိုက်ရတာ ကြောင့် လူက သိပ်မကြည်ချင်...

ဌာနမှာလည်း ဒိုယောင်းက ကျောင်းတစ်ဖက်ဖြစ်နေသည့်အပြင် ၊အသက်အရွယ်အရ လူကြီးပိုင်းတွေပဲ ကျန်တော့တာဆိုတော့ သူသွားရတာဖြစ်သင့်ပါတယ် ဟူ၍ သာ နှလုံးပိုက်ရင်း ဂျယ်ဂျူဒိုကိုသာ ထွက်လာခဲ့လိုက်သည်။

ဂျယ်ဂျူ က ဘယ်အချိန်ချိန်ကြည့်ကြည့်ကိုလှသည်‌။
သူရောက်တော့ ကုမ္ပဏီက အဖွဲ့သား တစ်ချို့က အခန်းယူပြီး ထားပြီ ဖြစ်ကြောင်း တလေးတစား လာပြောပြီး
နားခိုင်းသဖြင့် အစောက စိတ်ကွက်နေမိသည့် ကိုယ့်ကိုကိုယ်တောင် မလုံမလဲ ဖြစ်သွားရ၏။

Endless PoemWhere stories live. Discover now