For Unicode
မြူဝေဆိုင်းနေတဲ့ ညနေခင်းမှာပဲ သူဆိုးလ်ကိုရောက်သည်။
ကုမ္ပဏီကစီစဉ်ပေးတဲ့ အိမ်ရာမှာ အထုတ်အပိုးတွေချပြီးတာနှင့် ကားသော့ကို ဆွဲကာ နမ်ဂျွန်းဆီကိုသာအပြေးသွားမိတော့၏။သူဖုန်းကြိုဆက်ထားတာကြောင့်ထင်သည် နမ်ဂျွန်းက အိမ်ရှေ့မှာ ရပ်လျှက် သူ့ကိုစောင့်နေရက်သား။
ခပ်မှိုင်းမှိုင်းပတ်၀န်းကျင်ဟာ ချက်ချင်းလင်းလဲ့သွားသလိုပဲ။
ဆော့ဂျင် ဟန်မဆောင်နိုင်စွာပဲ နမ်ဂျွန်းကို ဖက်လိုက်မိသည်။သက္ကလပ်အထူကြီး၀တ်ထားတဲ့ နမ်ဂျွန်းက တဟားဟားရယ်ရင်း မာဖလာတစ်ထည်နဲ့ ဆော့ဂျင်ရဲ့ လည်ပင်းလေးအားပတ်ပေး၏။
" ကြည့်အုံး...ကျွန်တော်ပစ်လဲတော့မလို့ "
ထိုအခါမှ ဆော့ဂျင် သူ့လုပ်ရပ်အတွက် ရှက်သွားကာ ဖက်ထားသည့် လက်ကို ဖြေချမည်ပြုလိုက်သည်။
ဒါကိုကြိုသတိထားမိပုံရတဲ့ နမ်ဂျွန်းက သူ့လက်နှစ်ဖက်ကို ခပ်တင်းတင်းဆုပ်ကိုင်ကာ" ဖက်ထားစမ်းပါ...
ဒီလောက်အေးနေတာကို"အိမ်ထဲကိုရောက်တော့ အပူဓာတ်လွှတ်ထားပုံရတဲ့ ဧည့်ခန်းကနွေးထွေးနေသည်။
နမ်ဂျွန်းက လမ်း လျှောက်နေရာမှာ ချာခနဲလှည့်ကာ ဆော့ဂျင်ရဲ့ ကိုယ်ကို နံရံမှာ ကပ်လိုက်ပြီး တမေ့တမောစနမ်းတော့သည်။အပြင်မှာတဖွဲဖွဲကျနေတဲ့ နှင်းထုတွေလိုပဲ နမ်ဂျွန်းရဲ့ နှုတ်ခမ်းလေးတွေကအေးစက်လျှက်....
အတန်ကြာနမ်းပြီးမှ ရှက်နေသော ဆော့ဂျင်အား
" မောင့်ကိုကျွန်တော်သိပ်လွမ်းနေဝာာ "
" အင်း...မောင်ရောပဲ "
နမ်ဂျွန်းက သူ့အဖြေကိုသဘောကျသလို ပြုံးရင်း မီးဖိုခန်းဘက်သို့လျှောက်သွားကာ အတန်ကြာတော့ ကော်ဖီတစ်ခွက်နဲ့ပြန်ထွက်လာသည်။
" လာ...ကော်ဖီသောက် "
ချိုစိမ့်စိမ့် ကော်ဖီက ဆော့ဂျင်ရဲ့အကြိုက်အရသာပင်။
နမ်ဂျွန်းကတော့ မေးထောက်ကာ သူ့ကိုထိုင်ကြည့်နေ၏။
YOU ARE READING
Endless Poem
Fanfictionကျွန်တော့်အတွက်ကံကောင်းခြင်းဆိုတာ မောင့်မျက်၀န်းညိုတွေနဲ့ ဆုံတိုင်း ခံစားမိနေတဲ့ နာမတစ်ခုဖြစ်တယ်။