For Unicode
ထူးထူးခြားခြား ဒီနေ့ရဲ့ ရာသီဥတုလေးက ကောင်းမွန်လှသည်။
မနက်ခင်းကတည်းက နေရောင်ခြည်ကို ပြည့်ပြည့်၀၀ရကာ နှင်းမြူထုတွေကို လျော့ပါးနေ၏။
ဒီနေ့က ရုံးပိတ်ရက်ဖြစ်သည့်အပြင် လုပ်စရာ အလုပ်တွေလည်း လက်စသပ်ပြီး ဖြစ်တာကြောင့် ဆော့ဂျင် မနက်10နာရီလောက်ထိ အိပ်ရာ ပေါ်မှာ ဇိမ်ယစ်နေ၏။ လူကထဖို့ပြင်ချင်နေပေမယ့် ခြုံစောင်ရဲ့ နူးညံ့မှုထဲက ရုန်းမထွက်နိုင်ဖြစ်နေတာလည်း ပါသည်။
နိုးတစ်၀က်၊ အိပ်တစ်၀က် မက်တဲ့ အိပ်မက်တွေမှာ သူက ဟင်းလင်းပြင်ကြီးတစ်ခုထဲမှာ ပြေးလွှားလို့...
အဆုံးမဲ့တဲ့ ကြယ်စင်တန်းကြီးက သူ့ရှေ့မှာ စောင့်ကြိုလို့...
ပြီးတော့ ထိုဟင်းလင်းပြင်လေဟာနယ်ထဲမှာ ပန်းရနံ့တွေ မွှန်းထုံလို့...
ဆိပ်ဖလူးတွေရဲ့ ရနံ့တွေ...
တဆစ်ဆစ်ကိုက်နေတဲ့ မျက်ရိုးနဲ့ ပင်ပန်းထားတဲ့ အလုပ်ဒဏ်တွေကြောင့်လားမသိ မွှေးအီနေတဲ့ ဆိပ်ဖလူးရနံ့တွေက အနည်းငယ် ခေါင်းကို နောက်ကျိစေသလိုပဲ...။
သူနားထင်ကို လက်နဲ့ခပ်ဖွဖွ ဖိနှိပ်ကာ မျက်လုံးမဖွင့်ပဲ ပြန်အိပ်ဖို့ပြင်သည်။
ထို့နောက် ပိုပြီး ထုံမွှေးတဲ့ရနံ့တွေနဲ့အတူ သူ့မျက်နှာပြင်ပေါ်ကို ဘာတွေပြုတ်ကျလာလေသလဲမသိ။
ဆော့ဂျင် အိပ်နေရာက လန့်ဖြန့်ကာ လူးလဲထလိုက်တော့ သူ့ကုတင်ဘေးမှာ ထိုင်ကာ မေးထောက်လျှက် ကြည့်နေသော နမ်ဂျွန်း....
လက်ဖမိုးထဲမှာလည်း ဆိပ်ဖလူးတွေပြည့်လို့...တစ်ချို့ဆိပ်ဖလူးပွင့်ငယ်တွေက ဆော့ဂျင်ရဲ့ အဖြူရောင်ချည်အိပ်ရာခင်းလေးပေါ်မှာ ရောနှောပျံ့ကြဲနေသည်။
" မောင် မသေသေးပါဘူးနော် "
ဆော့ဂျင် စချင်လာ၍ အူတူတူပုံနဲ့မေးလိုက်တော့ နမ်ဂျွန်းရဲ့ ရီဝေငေးမောနေတဲ့ အကြည့်တွေက ရယ်မြူးရိပ်ဆင်လာသည်။
" ဟာဗျာ...ခင်ဗျားကလည်း "
" ဖယ်အုံး...မောင်က နေ့လည်မှ မင်းဆီ လာမလို့...ရေချိုးအုံးမယ် "
YOU ARE READING
Endless Poem
Fanfictionကျွန်တော့်အတွက်ကံကောင်းခြင်းဆိုတာ မောင့်မျက်၀န်းညိုတွေနဲ့ ဆုံတိုင်း ခံစားမိနေတဲ့ နာမတစ်ခုဖြစ်တယ်။