မောင့်သည်းညှာရှင် အပိုင်း ၁

41.6K 1.7K 93
                                    

Uni

မောင့်သည်းညှာရှင် အပိုင်း ၁

10.6.2017 8:30pm

💬Hello💬

သည်းညှာသည် Messanger ကနေစာဝင်လာသံကြောင့် အိပ်ယာပေါ်ပက်လက်လှန်အိပ်ပြီး မျက်နှာ Mask ကပ်နေရာမှ ထမကြည့်ပဲ ဖုန်းရှိရာကိုလက်ဖြင့်စမ်းရှာယူကာဖွင့်ကြည့်လိုက်သည်..။

စာပို့လာသည့်accက မနက်က သည်းညှာ fri request လက်ခံလိုက်သော တိမ်မိုးမြင့်တိုင်း ဆိုသည့်acc..။

အိပ်နေလျှက်အနေအထားဖြင့်သာ သည်းညှာဘက်က ဟုတ်ကဲ့ ပြောပါခင်ဗျ ဟု ယဥ်ယဥ်ကျေးကျေးစာပြန်လိုက်ပေမယ့်တစ်ဖက်လူထံမှ ပြန်ပို့လာသောစာကြောင့် စိတ်ကမကြည်တော့..။

ဘာတဲ့..reply ကြာတယ်..ဘာလုပ်နေလဲ..တဲ့..။

သည်းညှာ မကျေမချမ်းစိတ်ဖြင့်မျက်မှောင်ကြုတ်လိုက်မိ၏..။

ဘယ်လိုတောင်စိတ်တိုချင်စရာ လူလဲ....။လေသံကိုကနားထဲထော်လော်ကန့်လန့်ကြားယောင်မိသလိုပင်...။

ထို့ကြောင့်မကျေမနပ် လှဲအိပ်နေရာမှထထိုင်လိုက်ပြီး.မျက်နှာပေါ်ကMask ကိုအမြန်ဆွဲခွာလိုက်ကာခပ်သွက်သွက်စာရေးပြီးပြန်ပို့လိုက်သည်..။

💬ကျွန်တော့်မှာခင်ဗျားတစ်ယောက်တည်းreply ပြန်နေရတာမဟုတ်ဘူး...💬

သည်းညှာစာလေးအရောက်ပြသွားပြီးTyping စာကြောင်းလေးပေါ်လာပြီးနောက်ပြန်ရောက်လာသည့်စာတစ်ကြောင်းကသွေးတက်ချင်စရာကောင်းလှသလိုပြေးပြီးထုရိုက်ချင်စရာလည်းကောင်းလှ၏။

💬မပြန်နဲ့..ကိုယ်တစ်ယောက်တည်းကိုပဲreplyပြန်...😒💬

💬ဘာဗျ💬

သည်းညှာနှူတ်ခမ်းကိုပေါက်ထွက်လုမတက်ကိုက်ထားမိသည်...။

ကြည့်စမ်း....ပိုင်စိုးပိုင်နင်းနဲ့ လူကို အမိန့်လာပေးနေတာ..။

💬ဟေ့..ကိုယ်ပြောနေတယ်နော်..reply ကို ကိုယ့်ပဲပြန်...ကြားလား...😏😏💬

ထပ်မံရောက်လာတဲ့စာကြောင့် မျက်နှာနုနုလေးရဲတက်သွားသည်အထိ ထွက်လာသော ဒေါသတို့ကသိမ်းမနိုင်ထိန်းမရ....။

များသွားပြီ...။နှုတ်ခမ်းကိုမဲ့ရွဲ့ကာ....ပါးစပ်မှခပ်တိုးတိုးရေရွတ်မိသည့်အတိုင်း စာရေးပို့လိုက်သည်..။

မောင့်သည်းညှာရှင် (Completed)Where stories live. Discover now