မောင့်သည်းညှာရှင် အပိုင်း ၇

8.8K 868 7
                                    

Uni

မောင့်သည်းညှာရှင် အပိုင်း ၇

Hotel ရောက်သည်နှင့်....အိပ်ပျော်နေသူကို ပွေ့ချီကာ ကုတင်ပေါ် တင်လိုက်ပြီး နိုးလာရင်အဆာပြေစေဖို့ တိုင်း စားစရာတချိူ့ကြိုမှာထားလိုက်သည်..။ကုတင်ပေါ်ဘေးစောင်းဝင်ထိုင်ကာ မျက်နှာနုနုလေးကိုငေးကြည့်နေမိသည်။အဲ့လောက်တောင်မှတ်မိချင်ခဲ့တာလားကိုကိုရယ်။

တစိမ့်စိမ့်နဲ့ငေးကြည့်နေတုန်း မျက်မှောင်လေးကြုပ်ကာတွန့်လိမ်နေသူ...။မျက်လုံးလေးရေးရေးဖွင့်လာတော့မီးရောင်စူးစူး​မထိမိအောင် တိုင်းလက်နဲ့ကာပေးတော့ မပွင့်တပွင့်ပြုံးလာပြီး..

"အင်း....မောင် ငါအိပ်ပျော်သွားတာလား"

"အင်း...နေသာရဲ့လား ဘယ်နေရာကနာနေသေးလဲ...မောင်ဒဏ်ရာတော့မတွေ့ပေမယ့် တစ်နေရာရာကဒဏ်ဖြစ်ကျန်နေမှာစိုးလို့...."

မျက်လုံးပွင့်သည်နှင့်ထထိုင်ပြီး တိုင်း မျက်နှာကို ခပ်ငေးငေးကြည့်ကာ...

"ငါ့ကိုပြောပြမောင်...."

တိုင်း နဖူးလေးကိုခပ်ဖွဖွနမ်းလိုက်ပြီး...

"လာ စားရင်း...ပြောရအောင် ကိုကိုဗိုက်ဆာနေပြီမလား"

ဆိုဖာပေါ်တက်ထိုင်ပြီး pizzaတစ်ခြမ်းပါးစပ်ထဲထည့်ကာ....

"ပြော....မောင်"

"အကြောင်းစုံသိရင်.....မောင့်ကိုအားနာပြီးရှောင်မပြေးပါဘူးလို့ကတိအရင်ပေး"

"အင်း....ပေးတယ်"

"မရဘူး စာရွက်နဲ့ရေး"

သည်းညှာ စူးကနဲတစ်ချက်စိုက်ကြည့်လိုက်ပြီး....

"တိမ်မိုးမြင့်တိုင်း အတော်ရှည်.....ပြောသာပြောစမ်းပါ"

"ရော့.....အဲ့ဒါလေးပဲရေးပေး ပြောပြမယ် အကုန် မဟုတ်ရင်ချန်သင့်တာချန်ခဲ့မှာ...."

စားလက်စပါးစပ်နားရောက်နေတဲ့ pizza ကိုတောင် သည်းညှာ လွင့်ပစ်ချင်စိတ်ပေါက်သွားသည်။သက်ပြင်းတစ်ချက်ချလိုက်ပြီး.....

"မောင် မင်းငါ့ကိုစိတ်ရှူပ်အောင်လာလုပ်နေတာလား.."

"ကိုကိုကလည်း မောင်က"

မောင့်သည်းညှာရှင် (Completed)Where stories live. Discover now