မောင့်သည်းညှာရှင် အပိုင်း ၄

10.7K 1.1K 61
                                    

Uni
မောင့်သည်းညှာရှင် အပိုင်း ၄

တိုင်း နောက်ကနေအသာလိုက်သွားပြီး အိမ်ကိုဖြောင့်ဖြောင့်ရောက်သွားမှ Hotel ဘက်ပြန်လာခဲ့သည်..။ သူ Hotel ထဲ၀င်တော့ Reception မှာ အစောက အထိုးခံရလို့ စျေးညှိမယ့်လူနှစ်ယောက်အဆင်သင့်စောင့်လို့...။ထိုလူတွေနဲ့စကားနည်းနည်းထိုင်ပြောပြီး တောင်းသလောက်ငွေလွှဲပေးလိုက်သည်..။

သွားနှစ်ချောင်းကျိူးတယ်..လက်ဆစ်နှစ်ဖက်လုံး လွှဲတယ်....နှာနုရိုးကျိူးတယ်...ကျန်တာပေါက်တာပြဲတာတွေရှိတယ်..သိန်း ၇၀... တန်ပါတယ်..လူနှစ်ယောက်လုံးအထိအခိုက်များသည်မဟုတ်လား..။

ဖြုန်းစမ်း...ဆိုးစမ်းကိုကို..ဒီမောင်က ဖြစ်သမျှငွေထုပ်ပိုက်ပြီးရှင်းပေးမှာမို့...။

ညလေအေးအေးကိုခံယူရင်း မျက်နှာချင်းဆိုင်တိုက်ရဲ့ ညာဘက်အစွန်ဆုံးအခန်းလေးကို တိုင်း အခန်းရှေ့ဝရံတာမှာထိုင်ခုံချကာ ငေးကြည့်နေမိသည်..။

ကိုကိုရေ...အလွမ်းတွေကုန်ချင်ပြီလို့...။ရူးတော့မယ်..။စိတ်ကူးပေါက်ရာသံစဥ်တချို့ကိုတီးရင်း ဟိုတစ်စ ဒီတစ်စ ဟိုတစ်ပိုဒ် ဒီတစ်ပိုဒ် ရောနှောနေသောသီချင်းစာသားတို့ကို ခပ်တိုးတိုးဆိုညည်းနေလိုက်သည်...။

ဂစ်တာကြိုးကိုလည်းညှိနေရင်း တိုင်းအရင်ကကိုကို့ဆီ Cover Songs တွေဆိုပြီး ခဏခဏ ပို့ဖူးသည်မို့ ထိုအထဲက ကိုကို က မောင့်အသံနဲ့ အလိုက်ဆုံးလို့ပြောဖူးတဲ့သီချင်းတစ်ပုဒ်ကို စတီးခတ်လိုက်သည်..။

လေလှိုင်းကတဆင့်ပိုသမယ့် အချစ်တေးသွား ကိုကိုကြားပါစေလေ....။

🎶ကိုယ်မြင်ချင်တဲ့🎶🎶🎶.....လမင်းရယ်...🎶

🎶🎶ကိုယ်မက်ချင်တဲ့...အိမ်မက်ရယ်🎶🎶

🎶🎶ညဆို တစ်ည မှရောက်မလာဘူး...🎶🎶

🎶🎶ယောင်ယောင်ပြီး ကိုယ်...🎶🎶

🎶🎶ခေါ်နေမိတယ်..ဖြတ်သန်းလာတဲ့... အရိပ်လေးဟာ မင်းဆို...အားလုံးပြည့်စုံသွားမယ်....🎶🎶

🎶🎶ရင်မှာ ဟာတာတာ နဲ့တစ်ခုလိုအပ်နေလို့....မင်းကို ဝေးရင် စိတ်ဓာတ်ကျလာတယ်....🎶🎶

မောင့်သည်းညှာရှင် (Completed)Where stories live. Discover now