မောင့်သည်းညှာရှင် Extra( Side Story)

5.1K 281 11
                                    

Uni

"​မြန်မြန်မောင်းပါ တိုင်းရယ်...မင်းရဲ့သား ငါ့သုသုလေးကိုဘယ်လိုအပြစ်တွေပေးထားပြန်ပြီလဲမသိဘူး...ရန်ဖြစ်လာတာအပြစ်လားလို့...ဟိုကလေးကသူ့မျက်နှာ တစ်ကမ္ဘာထင်ပြီးလိုက်လာရတာကို...အနိုင်ကျင့်သလိုလုပ်နေတယ်...ဘာလဲ..မင်း သားဘက်ကကာပြောပေးဖို့ပြင်မနေနဲ့..."

တိုင်းမှာသားဖြစ်သူဘက်ကိုလိုက်ကာပြောပေးဖို့ပါးစပ်ဟလိုက်ပေမယ့် မိမိရဲ့ခင်ပွန်းလေးကပြောမည့်စကားကြိုသိနေသလိုနှုတ်ခမ်းကိုက်ပြီးမာန်မဲလာတာမို့ငြိမ်နေလိုက်ရသည်...။

၀၀လေးရေ ဒယ်ဒီသားဘက်ကမပါပေးနိုင်တော့ဘူး...စိတ်မကောင်းပါဘူးသားရေ..ဒယ်ဒီလည်း မင်းပါးပါးကို ဖင်တုန်အောင်ကြောက်ရတာမို့ပါကွာ...။

ဘေးကလူသားလေးကတော့ သူ့အချစ်တော်ဖြစ်သောသားဖြစ်သူကို မင်း သား မင်း သားနဲ့ဘောလုံးပုတ်ကာ သူ့ရဲ့ဒုတိယအသည်းကျော်သမက်ကလေးကိုကာကွယ်နေလေရဲ့...။

ဖြစ်ပုံကဒီလို....။

မနေ့ကတည်းက တိုင်းတို့လင်လင်နှစ်ယောက်နေပြည်တော်ကအသိတစ်ယောက်မင်္ဂလာဆောင်ကိုလည်ရင်းပတ်ရင်းရက်ကြာကြာနေဖို့ထွက်လာခဲ့ကြတာ...။အခု မင်္ဂလာပွဲတောင်မပြီးခဲ့သေး ကိုကိုက သူ့အသည်းကျော်ရဲ့ငိုသံနဲ့ဆက်လာတဲ့ဖုန်းကြောင့် အသိကိုပင်တောင်းပန်ပြီးချက်ချင်းပြန်ချလာခဲ့သည်...။

ကိုကို့အသည်းကျော်ဆိုတာ တခြားသူမဟုတ် အချစ်ညို့ရဲ့တူအရင်းခေါက်ခေါက် ၀၀လေးချစ်ချစ် သုတိုင်းပြေ ပင်ဖြစ်သည်...။

သုသုက ၀၀လေးထက်၁၀နှစ်နဲ့၁လလောက်ငယ်သည့်ကလေး...။မိဘတွေက ကိုရီးယားနဲ့ဗမာကပြားတွေမို့ မြန်မာပြည်မှာမနေကြ...။ပြင်ဦးလွင်မြို့ အနီးစခန်းနားမှာ အဘွားဖြစ်သူရဲ့အရိပ်အောက်မှာပစားပေးအချစ်ခံဖူးဖူးမှုတ်အလိုလိုက်ခံရသည့်လူဆိုးလေးတစ်ယောက်ပင်...။

သုသုလေးဆိုးလားမဆိုးလား...ပြောပြရအုံးမည်...။

၀၀လေးက ကိုကို့အလုပ်တွေကိုဦးစီးချဲ့ထွင်ရင်းသူ၀ါသနာပါသည့်စိုက်ပျိူးရေးကိုပါတွဲလုပ်သည်မို့ ပြင်ဦးလွင်မှာ မြေနေရာခြံကျယ်ကြီးတစ်ခု၀ယ်ပြီး ကော်ဖီပင်...ပန်းပင်...စပျစ်သီး..စသည်တို့ကိုအစုံစိုက်ပျိုးထားသည်...။

မောင့်သည်းညှာရှင် (Completed)Where stories live. Discover now