မောင့်သည်းညှာရှင် အပိုင်း ၅

10.3K 1K 99
                                    

Uni

မောင့်သည်းညှာရှင် အပိုင်း ၅

သည်းညှာဒီနေ့ သူအချိန်အတော်ကြာလှည့်မကြည့်ဖြစ်တဲ့...Time Entertainment ဆီသွားရမည်..။

ခရီးသွားလာရေး ကုမ္ပဏီ နဲ့ Hotel ပိုင်ရှင် သူလိုလူက ဘာမဆိုင်ညာမဆိုင် Entertainment တစ်ခု ထတည်ထောင်ခဲ့တာဟာ..အရူးလို့ခေါ်သင့်တယ်မဟုတ်လား..။စဥ်းစားကြည့်မိတော့ မောင့်ကြောင့် သူအများကြီးရူးခဲ့ဖူးသလားပဲ...။ဘာလို့လဲဆိုတော့...Entertainment နာမည်ကိုက မောင့်နာမည် Time ဟု ပေးထားသည်မဟုတ်လား..။

လွန်ခဲ့သော အတိတ်က သူ့အနားမှာမောင်ဆိုတဲ့ လူသားလေး ရှိဖူးတယ်ထင်ပါရဲ့...။

မောင်နဲ့မဆုံခင်အထိတော့ သူ ထို Entertainment ကို လှည့်မကြည့်ဖြစ်...။ခုတော့..သွားကြည့်ရမည်မို့လိုအပ်တဲ့ ပစ္စည်းတွေထည့်ပြီး အောက်ထပ်ဆင်းလာခဲ့သည်..။

''ဟော..သား..ဘယ်သွားမလို့လဲ...''

မေမေက သူ့ကိုမြင်တော့ ဆီးကြိုမေးလာသည်..။မိခင်ဖြစ်သူရဲ့ပါးကိုတစ်ချက်ထိကပ်နမ်းလိုက်ပြီး...

''အင်း...သား...မန္တလေးက Entertainment ကိုတစ်ချက်ပြန်ကြည့်မလို့..ပစ်ထားတာကြာပြီလေ...''

''အင်း..အင်း..သား..ဖြေးဖြေးချင်းမောင်း ဆိုင်ကယ်ကို...မေမေဖြင့်စိတ်မချပါဘူးသားရယ်...driver ကို ကားမောင်း ပို့ခိုင်းမယ်လေ...မေ့သားက..ကားမမောင်းနိုင်တော့....''

''ရတယ်..မေမေကလည်း သားကလေးမှမဟုတ်တာ အသက် ၂၆ နှစ်ရှိပြီ...ကဲ..သွားပြီ...စိတ်ချ..ရောက်ရင် ဖုန်းဆက်မယ်...''

ဒေါ်သဲသဲနှစ် သက်ပြင်းမောသာချလိုက်မိသည်..။သူမသားလေးကို သူမ အထိခိုက်မခံနိုင်တော့ပါ..။တိုင်းလေးအား သူ့ကိုကို့ ကိုပိုဂရုစိုက်ခိုင်းရမည်..။

သည်းညှာ မောင့်ပိုက်ဆံတွေသိမ်းပြီးဝယ်ထားတဲ့ YAMAHA R3 စိမ်းပြာကို ခွကာ ထွက်လာခဲ့သည်..။မောင့်ကို Surprise လုပ်ရမည်..။မောင်ပြန်သွားတာ ၃ရက် ရှိပြီမဟုတ်လား..။Ent မှာ Cover Song ဆိုဖို့ရော မဂ္ဂဇင်းမျက်နှာဖုံး ရိုက်ဖို့အတွက်ရှ်တာမို့ မောင် ပြန်သွားရသည်..။

''မောင်...ငါမင်းကိုလွမ်းနေပြီ...''

လီဗာ မိုင်ကုန်ဆွဲပြီး ကွေ့ကာ ဝိုက်ကာ အမြန် စီးလာခဲ့သည်...။မေမေ မြင်ရင်တော့ ဘုရားတနေအုံးမှာ..။Accident ဖြစ်ပြီးနောက်ပိုင်း မေမေကဘယ်သွားသွားက ပြန်မရောက်မချင်း စိတ်မချတော့...။ကား Accident ဖြစ်တာမို့ သည်းညှာ Car မမောင်းနိုင်တော့.. ။ဘယ်သွားသွား ဆိုင်ကယ်သာခွဖြစ်တော့သည်..။

မောင့်သည်းညှာရှင် (Completed)Where stories live. Discover now