မောင့်သည်းညှာရှင် အပိုင်း ၁၂

8.2K 868 14
                                    

Uni

မောင့်သည်းညှာရှင် အပိုင်း၁၂

နှာခေါင်းဆီသင်းပျံ့မွှေးလာတဲ့အနံ့တစ်ခုကြောင့် သည်းညှာ မျက်လုံးအစုံပွင့်လာရသည်..။

နှာခေါင်းကိုရှုံ့ရှုံ့လုပ်ရင်း အနံ့လာရာဆီ လှည့်ကြည့်လိုက်တော့ မောင်က ကြက်ပေါင်းရည်ကိုပြန်နွေးနေသည်ထင်..။မှန်အကြည်ကာထားရာ ဆေးရုံရဲ့Mini မီးဖိုချောင်လေးထဲမှာ Apron၀တ်ထားသော သည်းညှာရဲ့အချစ်လူသားလေးကျောပြင်ကျယ်ကိုမြင်နေရသည်...။

VIPလူနာခန်းမို့ ကိုယ့်အိမ်မှာနေရသလိုလွတ်လပ်လှသည်...။

ကုတင်ပေါ်မှ အသာဆင်းကာ ခြေသံတိတ်လျှောက်သွားလိုက်ပြီး ကျောပြင်ကျယ်ကြီးကို နောက်ကနေသိုင်းဖက်လိုက်ပြီး မျက်နှာအပ်လိုက်တော့ မောင်က လုပ်လက်စအလုပ်တွေကိုရပ်လိုက်ကာ ခါးပေါ်ကသည်းညှာရဲ့လက်ကလေးကိုပွတ်သပ်ပေးရင်း...

''ဟော..ကိုကို...နိူးပြီလား..''

တိုင်း ကြက်ပေါင်းကို ပူအောင်နွေးနေတုန်း နောက်ကနေ ပွေ့ဖက်လာပြီး ဗိုက်ပေါ်မှာယှက်တင်လာတဲ့ လက်ကလေးနှစ်ဖက်..။ပတ်တီးနဲ့လက်ကလေးနာသွားမည်စိုးတာကြောင့် မရုန်းပဲ ခေါင်းငဲ့ကြည့်လိုက်ပြီး....

''ကိုကို ခဏလွှတ်ပေး...''

''ဘာလုပ်မလို့လဲ...နေပါအုံးမောင်ရယ်.. ငါဖက်ထားချင်လို့ပါ..''

''ရှေ့ကနေ မောင်ကဖက်ပေးမယ်လေ...ကိုကို့လက်နာသွားမယ်...မောင့်ရဲ့ပွေ့ဖက်မှုကိုပဲခံယူလေနော်...''

''အင်း...မောင့်သဘော...''

ထိုအခါမှ လက်လွှတ်ပေးလာသည်မို့ မျက်နှာချင်းဆိုင်ဖြစ်အောင် ရှေ့ဘက်လှည့်လိုက်ပြီး အိပ်ရေး၀လို့မို့ဖောင်းနေသော မျက်ခုံးမို့မို့လေးကိုငေးကာ...တိုင်း အသာအယာ ပွေ့ဖက်လိုက်သည်..။

''ကိုကို...''

''အင်း...''

''နောက်ဆို အဲ့လိုကြီး မလုပ်ပါနဲ့ တော့နော်...မောင်...မောင်လေ...မောင်ရူးသွားလိမ့်မယ်...စိတ်ဆိုးရင် စိတ်တိုရင် မောင့်ကို သတ်ပစ်လိုက်လို့ရတယ်....ကိုကိုကတော့ ထပ်ထိခိုက်လို့မဖြစ်ဘူးနော်...''

မောင့်သည်းညှာရှင် (Completed)Where stories live. Discover now