မောင့်သည်းညှာရှင် အပိုင်း ၈

8.3K 884 40
                                    

Uni

မောင့်သည်းညှာရှင် အပိုင်း ၈

ထိုနေ့ကစလို့ သည်းညှာအတွေးထဲ ထိုကျောပြင်က အချိန်တိုင်းနေရာယူလာသည်။ပင်ပန်းရင်တောင် မျက်ဝန်းစူးစူးကို မြင်ယောင်လိုက်သည်နှင့် ရင်တဖိုဖို။မနက်ဖြန် အလုပ်ပါးသည့်အတွက် မန္တလေး သွားရမည်။မမြင်ရရင် သည်းညှာ ရူးတော့မည်မို့....မျက်နှာတော်လေးကိုအဝေးကဖြစ်ဖြစ် မော်ဖူးချင်သည်။

သူငယ်ချင်းကိုလည်း ထိုကလေးအားငှားဖို့ အကြံပေးရမည်။မဟုတ်ရင် သည်းညှာအဖြစ်ကမျက်နှာမြင်ချင်တိုင်း ဘုန်းကြီးကျောင်းဆီသွားအလှူလုပ်နေရမည့်အခြေအနေ မဟုတ်လား။သည်းညှာ တော်တော်ဖြစ်နေပါပြီ။

မနက်ရောက်သည်နှင့် သူငယ်ချင်းဖြစ်သူထံဖုန်းဆက်ပြီးသီးသန့်ခန်းတစ်ခုကို booking လှမ်းလုပ် ကာထွက်လာခဲ့သည်။

သည်းညှာ ဆိုင်ရောက်သွားတော့ ကော်ဖီလာသောက်ရင်း wifiလာသုံးသူက တစ်ယောက်စနှစ်ယောက်စသာရှိသည်မို့လူရှင်းနေသည်။သူငယ်ချင်းကလည်း သည်းညှာရောက်ရောက်ချင်း အေးဆေးနားဖို့ပြောပြီး အလုပိကိစ္စဖြင့် အပြင်ခဏထွက်သွားသည်မို့ booking လုပ်ထားသည့်သီးသန့်ခန်းဆီသာတိုက်ရိုက်၀င်လာခဲ့လိုက်သည်....။

ကျောပြင်ဖြစ်ဖြစ်မြင်ရနိုး...အသံလေးဖြစ်ဖြစ်ကြားရနိုး...ဘုန်းကြီးကျောင်းဘက်ကို လှမ်းshow ပေမယ့် အရိပ်တောင်မမြင်ရ...ဂစ်တာသံတောင်မကြားရ။အဝေးကြီးကလာပြီး အမောပြေတောင်မမြင်ရရင်တော့ သည်းညှာနေမရထိုင်မရဖြစ်နေတော့မည်မှာအသေအချာ...။

ကျိီးကန်းတောင်းမှောက်ဆိုသလိုမျက်လုံးကဝေ့ရှာနေသည်မို့ သိက္ခာတွေကျပြီးရုပ်ပျက်ဆင်းပျက်သာဖြစ်သွားသည့်အဆုံးနည်းနည်းလေး၀င်လာတဲ့ရှက်စိတ်ကြောင့်စိတ်လျော့လိုက်ကာချစ်ဦးညို ရဲ့အလက်ာဒီပချစ်သူစာအုပ်ကိုဖတ်ရင်း ဈန်ဝင်နေမိသည်...။ထိုစဥ်စူးကနဲထွက်လာသော အပြင်ဘက်ဆီက မိုက်စမ်းသံကြောင့် မျက်လုံးကလေးပြူးသွားရသည်။

ဒီအသံ မဟုတ်မှ ။အတွေးနောက်ထား ခြေလှမ်းက မပြေးရုံတမယ်အပေါက်ဝထွက်ကြည့်လိုက်သည်။

မောင့်သည်းညှာရှင် (Completed)Where stories live. Discover now