မောင့်သည်းညှာရှင် အပိုင်း ၁၇

7.8K 798 36
                                    

Uni

မောင့်သည်းညှာရှင် အပိုင်း ၁၇

''အဟက်..သိပ်ပျော်နေကြတယ်ပေါ့လေ...''

ကေမေသော် ဘေ့ဘောတုတ်ကို ဆွဲကာတစ်လှမ်းခြင်းဝင်လာသူကို ကြောင်ကြည့်နေမိသည်..။

''နင်...နင်..ဘယ်လိုရောက်လာတာလဲ....''

''ငါဘယ်လိုရောက်တာကအရေးမကြီးဘူး..ဒါဘာဖြစ်နေကြတာလဲ...ဖြေစမ်း...မောင်..မင်းဖြေ..''

သည်းညှာ စိတ်တွေထိန်းမရတော့..။ထွက်နေတဲ့ဒေါသတွေကတကိုယ်လုံးလောင်မြိုက်နေပြီ...။လုပ်ရက်တယ်...။ဒီလိုရုပ်ပျက်ဆင်းပျက်အခြေအနေကိုမမြင်စေဖို့ သည်းညှာရှေ့မှာမောင်ဘယ်လောက်ဟန်ဆောင်ခဲ့ရလဲ မေးချင်မိရဲ့...။

မိုးမှောင်ကျပြီးသည်းသည်းမည်းမည်းမိုးတွေရွာနေသည့်ကြားက ကားကိုထိန်းမောင်းနေရတာမို့ရင်း ညဦးပိုင်းရောက်မှ သည်းညှာ ပြင်ဦးလွင်မြို့ထဲရောက်လာသည်..။

မြို့ထဲဝင်လို့ လေရာကိုဖုန်းခေါ်ကြည့်တော့ မောင်က သူ့ဗီလာမှာမရှိဆိုတဲ့ အပြောကြောင့်စိတ်ပူသွားရသည်..။

မောင်က သည်းညှာကိုစိတ်ဆိုးပြီးစိတ်ထွက်ပေါက်တော့မရှာလောက်ဘူးမလား...။မလုပ်ဘူးလို့အာမခံမယုံကြည်နိုင်တာမို့ အမြန်သာမောင်းလာခဲ့ပြီး Hotel၀န်းကျင်တစ်လျှောက်ကားပတ်မောင်းကာရှာနေမိသည်...။မောင်ကသည်းညှာလိုပဲခေါင်းမာတဲ့သူမဟုတ်လား...။

စိတ်အလောတကြီးမောင်းလာတုန်း Messangerကိုစာဝင်လာတာကြောင့် မောင်ပို့တာဖြစ်နေရင်ဆိုပြီး ဖွင့်ကြည့်လိုက်သည်..။

မြင်လိုက်ရတဲ့အရာတွေက သည်းညှာသွေးတွေကိုပြောင်းပြန်စီးသွားစေသည်..။တခြားမိန်းမတစ်ယောက်ရဲ့ ဗီလာထဲကို ဦးဆောင်ဝင်သွားသော မောင့်ပုံရိပ်က သည်းညှာ ရင်ကို ဓားနဲ့ထိုးခွဲလိုက်သလို...။ဘယ်သူပို့တာလဲမသိပေမယ့် ကျေးဇူးတင်မိသည်..။

ဒီလိုအခြေအနေကိုမြင်လိုက်ရပေမယ့် သည်းညှာစိတ်ထဲမှာတော့ မောင့်ကိုယုံချင်သေးတယ်...။

မျက်စိနဲ့ တပ်အပ်မြင်ရမှဖြစ်မှာဖို့ မောင်ရှိရာဗီလာဆီ သည်းညှာ သွားကိုသွားရမည်...။ကားကိုမောင်းထွက်ဖို့စက်နှိုးနေစဥ် နောက်ထပ်စာတစ်စောင်ဝင်လာပြန်သည်..။

မောင့်သည်းညှာရှင် (Completed)Where stories live. Discover now