မောင့်သည်းညှာရှင် အပိုင်း ၂၀

8.6K 795 48
                                    

Uni

မောင့်သည်းညှာရှင် အပိုင်း ၂၀

ပြင်ဦးလွင်ကပြန်လာပြီး မောင်နဲ့ သည်းညှာ မတွေ့ဖြစ်ကြတာ ၁၀ ရက်ကျော်ပြီ...။

ပြန်မမှတ်မိချင်တော့တဲ့အကြောင်းတွေကို မောင်က ပြောပြပြီးပြီးမို့ သည်းညှာ ထပ်ပြီးတွေးနေစရာမလိုတော့ ...။စိတ်လည်း အတော်ရှင်းသွားပြီးမောင့်ကိုသာ ပိုချစ်ပေးတော့မည်ဟုဆုံးဖြတ်လိုက်သည်..။

ဖေဖေနဲ့မေမေကလည်း ပြင်ဦးလွင်ကို ကားမောင်းထွက်သွားတာ သိကတည်းက ကားမှန်သမျှအကုန်ဂိုထောင်ထဲထည့်သော့ခတ်ပစ်ကာသော့ကိုဖွက်ထားလိုက်ကြသည်..။

ဆိုင်ကယ်နဲ့ပဲသွားပါသားရယ်ဆိုတဲ့ မေမေ့ရဲ့မျက်နှာငယ်လေးနဲ့ပြောလာတဲ့စကားကြောင့် ကားမောင်းဖို့မကြိုးစားတော့ပဲ ကားနဲ့သွားရမယ့်လမ်းဆို လေရာ နဲ့သာ နှစ်ပါးသွားရတော့သည်..။

မောင်ရှိရင်တော့ မောင်က သည်းညှာရဲ့ Owner Driverပေါ့...လူလည်းပိုင်တယ် ကားလည်းပိုင်တယ်...အဟင်း...။

''ကိုလေး..ဒီနေ့ ညစာစားပွဲတစ်ခုရှိတယ်နော်...ပါတနာလိုတယ်..''

''မောင့်ကိုပြောပြီးသား..မောင်အမှီလာလိမ့်မယ်..''

''ဟုတ်...''

''မောင်ရောက်နေပြီဖြစ်တဲ့အကြောင်းမောင့်ရဲ့သည်းညှာအချစ်ရဆုံးသောချစ်သူလေး ရင်နှစ်သည်းညှာဆိုတဲ့ ကိုကို့ ကို သတင်းပို့ပါတယ်ဗျာ...''

အသံနဲ့အတူ ပြောင်စပ်စပ်မျက်နှာပေးနဲ့ ဝင်လာသူက မောင်..။

''စောသားပဲ မောင်ရဲ့...အဝတ်အစား တွေရော ပါခဲ့လား...''

''အင်းပါတယ်လေ..အိမ်ဝင်ထားခဲ့ပြီ မေမေက ကိုကို မှန်အိမ်ဘက်မှာ ဆိုလို့...''

''အိုက်ဂူး..မောင့်ရင်ခွင်ထဲ လာပါအုံး လွမ်းနေရတာ....''

တိုင်း သူ့ရင်ထဲ ခိုဝင်လာသူကို ပွေ့ဖက်ကာ မတ်တပ်ရပ်ပြီးပြူးကြည့်နေတဲ့ ကိုလေရာ့ကို မျက်ရိပ်ပြန်ကာ ပြန်ခိုင်းနေသည်..။

လေရာ မိမိရှေ့မှာတောင်မရှောင်ရှားဘဲ မြူးထူးပလူးနေသည့် အချစ်ငှက်နှစ်ကောင်ကိုခပ်တည်တည်သာ ပြူးကြည့်နေလိုက်သည်။သူတို့တောင်ကိုယ့်ရှေ့ဖက်ရဲသေးတာ မကြည်ရဲစရာလား..။အကုန်ပြ အကုန်ကြည့်မယ်..။ဒါကို နှင်ထုတ်နေတဲ့သူက ရှိသေး..။ဟင့်အင်း ပြန်ဘူး..။ကြည့်နေမှာ..။မျက်ရိပ်ပြကာအပြင်ထွက်ခိုင်းနေသူကို ခေါင်းသာယမ်းပြနေသည်..။

မောင့်သည်းညှာရှင် (Completed)Where stories live. Discover now