မောင့်သည်းညှာရှင် အပိုင်း ၁၃

7.7K 847 34
                                    

Uni

မောင့်သည်းညှာရှင် အပိုင်း၁၃

မောင့်ရဲ့အောင်မြင်မှူ့က သည်းညှာကို အံ့သြသွားစေသည်..။

အသံသွင်းပြီး Facebook မှာ တင်လိုက်သည်နှင့် တစ်ပတ်အတွင်း လူကြိုက်အများဆုံးထဲမှာ မောင့်နာမည်က ဒုတိယမြောက်..။ဒါတောင် သီချင်းက ၂ပုဒ်ပဲတင်လိုက်ရသေးတာ..။

မောင်နဲ့သည်းညှာမတွေ့ရတာ ၂ပတ်ကျော်ပြီ..။ဒီနေ့ ညနေ သည်းညှာ မောင့်ဆီသွားဖို့ တချိူ့အလုပ်တွေ လက်စသတ်နေရသည်..။

မောင်က မဂ္ဂဇင်းမျက်နှာဖုံးအတွက်ဓာတ်ပုံ ရိုက်ဖို့ရှိသည်မို့ လာနိုင်မည်မဟုတ်...။ဒါကြောင့် မောင့်ရဲ့အလွမ်းတွေဖြေသိမ့်ဖို့ သည်းညှာရဲ့ချစ်စရာ့မျက်နှာလေးကိုသွားပြရမည်...။သည်းညှာသည်လည်း မောင့်ကို အများ အများကြီးလွမ်းနေရသည်မဟုတ်လား...။

အလုပ်ကိစ္စတွေအတွက် Hotel ဘေးမှာ သစ်လုံးအိမ်အတွင်းမှာမှန်ကာအခန်းသေးသေးလေး ထည့်သွင်းဆောက်ထားတာမို့ ထိုအိမ်ထဲမှာ သည်းညှာတစ်ယောက်တည်း ဖိုင်တွေကြားခေါင်းစိုက်နေရသည်..။

မောင့်ဆီ သွားရမယ် 🎶🎶🎶..မောင့်ဆီ သွားရမယ်..မောင့်ဆီသွားရမယ် 🎶🎶🎶..မောင်နဲ့တွေ့ချင်တယ်...🎶🎶🎶🎶

လေရာ ကိုလေးဆီ နေ့လည်စာ လာပို့ရင်း အလုပ်ခန်းဆီက သီချင်းဆိုသံကြောင့် ရယ်လိုက်မိသည်...။

ကိုလေးတို့များ ကိုတိုင်းဆီသွားမယ့်အရာကို သီချင်း လုပ်ဆိုနေတာ ဟုတ်နေရော..။ယူလာတဲ့စားစရာအထုတ်တွေကိုအသာချကာ...ဖုန်းလေးထုတ်ပြီး Video ခိုးရိုက်လိုက်သည်..။

ထိုvideoဖိုင်ကို ကိုတိုင်းဆီ ပို့လိုက်ပြီး သူ့လင် ဘယ်လောက်ရူးနေကြောင်း သိစေချင်သည်လေ..။စေတနာနဲ့ပါ..နော...။

''ကိုလေး မနက်စာ စားရအောင် အလုပ်က ပြီးပါတယ်ဗျာ ဒီမှာ အန်တီလေး က ကိုလေးအကြိုက် မုန့်ဟင်းခါးဝယ်ပေးလိုက်တယ်...''

''အင်း နံနံပင် ရောပါလား..''

''အကုန်ပါတယ်...လာစားတော့ မနက်၈နာရီတောင်ထိုးတော့မယ်...ပြီးရင် ခဏပြန်အိပ်အုံး...''

မောင့်သည်းညှာရှင် (Completed)Where stories live. Discover now