မောင့်သည်းညှာရှင် Extra

11.6K 747 45
                                    

Uni

မောင့်သည်းညှာရှင် EXTRA

"လာ..ကိုကိုလာ..အမှတ်တရ ဓာတ်ပုံရိုက်ရအောင်....မောင်တို့လက်ဆဘယ်လောက်ပြင်းကြောင်း သက်သေအနေနဲ့ သိမ်းထားဖို့..."

"အင်းအင်း..လာပြီ.."

သည်းညှာ ဖုန်းကင်မရာချိန်ထားတဲ့ မောင့်ဘေးဝင် ထိုင်လိုက်ပြီး လက်လေးနှစ်ချောင်း ထောင်လိုက်..နှူတ်ခမ်းစူလိုက်နဲ့ ပိုစ့်မျိူးစုံပေးလိုက်သည်..။

နောက်မှာ ပက်လက်လဲကာ ဒဏ်ရာတွေဗလဗွနဲ့ လူတစ်ယောက်ကတော့ ထိုနှစ်ယောက်အားမျက်လုံးတွေပြူးကာငေးကြည့်လို့..။အခု သူအဖြစ်ကဒဏ်ရာတွေဗလပွနဲ့ မှတ်တမ်းတင်ဓာတ်ပုံ အရိုက်ခံနေရသည်လေ..။

"မင်း...မင်းတို့ နှစ်ယောက် ငါ့ကို လက်သီးနဲ့ ထိုးတုတ်နဲ့ရိုက်ပြီး ဓာတ်ပုံ ရိုက်နိုင်သေးတယ်လား...လူတွေမှ ဟုတ်ရဲ့လား..."

တိုင်းတောက်တစ်ချက်ခေါက်ကာ မျက်နှာကြီးယောင်ကိုင်းပြီး မထနိုင်ဖြစ်နေတဲ့ ကိုကို့ Hotel က အလုပ်သမားလှဌေးကို ခြေထောက်နဲ့ တစ်ချက်ပိတ်ကန်လိုက်ပြီး.....

"နားငြီးတယ်ဟေ့ကောင်..ပါးစပ်ပိတ်ထားစမ်း...မင်းက ဘယ်လောက်လူဆန်လို့လဲ..ကိုယ့်တူမကို Sexual Attack လုပ်ပြီး ကလေးကို ဘယ်သူမှမပြောနိုင်အောင်ခြိမ်းခြောက်ထားတာလေ..ခွေးသား.."

"အဲ...မင်း..မင်းတို့ ဘယ်လိုသိလဲ..."

"သားလေး..မင်းအဖေငါက.."

သည်းညှာ ပြောဖို့ပြင်လိုက်တော့ မောင်က နားရွက်ဖျားလေးကို ပွတ်ဆွဲကာသတိပေးလာသည်..။

"ကိုကို့ အဖေလို့မသုံးနဲ့ မောင်အဲ့ကောင်ကို သားမတော်နိုင်ဘူး....."

မော့ကြည့်ကာခေါင်းငြိမ့်ပြလိုက်ပြီး..သည်းညှာ ခွေးသူတောင်းစား လှဌေးရှေ့ ဆောင့်ကြောင့် ထိုင်လိုက်ပြီး ပါးကို တဖျန်းဖျန်းရိုက်ကာ..

"ဟုတ်သား...လှဌေး မင်းမနေ့က မင်းတူမကို ည၁၁နာရီလောက်က လမ်းပေါ်မှာလူရှင်းတယ်ဆိုပြီးဆွဲလား ရမ်းလားလုပ်နေတာမဟုတ်ဘူးလား.."

"မဟုတ်.."

"အိုး..ဟိုး..မင်း ငြင်းမယ်မှန်းသိလို့..ပြင်ထားတယ်..ဖေ့သားလေး.."

မောင့်သည်းညှာရှင် (Completed)Where stories live. Discover now