မောင့်သည်းညှာရှင် အပိုင်း ၁၄

7.8K 821 27
                                    

Uni

မောင့်သည်းညှာရှင် အပိုင်း ၁၄

တိုင်း အခုတစ်လော အားသည်နှင့်ကိုကိုရှိရာ စစ်ကိုင်းဘက်ခြေလှည့်ဖြစ်နေသည်..။အခုလည်း နေ့တစ်ပိုင်း အားသည်မို့ ကိုကို့ဆီလှမ်းဖုန်းဆက်ပြီး ဆိုင်ကယ်ခွကာ ထွက်လာခဲ့သည်..။

Modelတစ်ယောက်ဖြစ်သည့်အပြင် တက်သစ်စ အဆိုတော်တစ်ယောက်မလို့ ကိုကိုက သိပ်အပြင်မထွက်ခိုင်း..။သို့ပေမယ့် တိုင်းဂရုမစိုက်..။

ကိုကို့အတွက်ဆို ဘယ်ပတ်ဝန်းကျင်ကိုမှစောက်ဂရုမစိုက်ချင်..။တိုင်းက ကိုကို့အပိုင် ကိုကိုက လည်း တိုင်းအပိုင်ဆိုတာ အားလုံးသိစေချင်သည်..။

အိမ်ရှေ့ရောက်တော့ ကိုကိုက အပြင်ထွက်ကြိုနေပြီး တိုင်းကိုကြိုဆိုအနမ်းလေးပေးကာ နှစ်ယောက်အတူတူ အိမ်ထဲဝင်လိုက်သည်...။အိမ်အပေါ်ထပ်တက်ခါနီး အန်တီက မီးဖိုချောင်ကထွက်လာကာ...

''သား တိုင်းလေး မြန်လိုက်တာ ဆိုင်ကယ်ဖြေးဖြေးစီးပါကွယ်...သားငယ်ကို​စိတ်ပူရ...မင်းလည်းစိတ်ပူရနဲ့ ဒီအမေရင်မောလှချည့်ရဲ့..''

''ဖြေးဖြေးစီးပါတယ်အန်တီရဲ့ စောထွက်လာတာမို့ပါ...သားကိုတော့စိတ်ချပါ....''

သူတစ်ယောက်တည်းလိမ်မာနေသလိုမျိုးစကားအလှသုံးသွားသည့် မောင့်ကိုသည်းညှာ ဂျိုကြည့်ကြည့်လိုက်သည်...။အခုနောက်ပိုင်းရန်ပွဲတွေဆို သည်းညှာကိုထိန်းပါမည်ဆိုပြီးကတိခံထားတဲ့မောင်ကပါ ၀င်၀င်နွှဲနေတာမို့ ဖေဖေ့ခမျာ မျက်ခုံးတလှုပ်လှုပ်...။မေမေကိုမသိအောင်ဖုံးထားလို့သာ မေမေကလည်း မောင့်ကိုယုံကြည်နေခြင်းပင်...။

''ညအိပ်မှာလား သား...''

''အိပ်ဖြစ်မှာ...ကိုကို နဲ့ Night out ထွက်မလို့...''

''အေးအေး..ထမင်းတော့ပြန်စားကြ....တိုင်းလေးအကြိုက်ချက်ထားတယ်...''

''မေမေမတရားဘူး...''

တိုင်း နောက်နားမတ်တပ်ရပ်ကာ သူ့ခါးကိုလိမ်ဆွဲပြီး မကျေမနပ်ဆိုလာသူ..။လိမ်ဆွဲနေတယ်ဆိုတာထက်ဆိတ်ဆွဲနေတာပါ....တိုင်းရဲ့ခါးအရေပြားလေးမှာပူထူနေပြီ..။သို့ပေမယ့် နည်းနည်းမှမတွန့်ရဲ..။

မောင့်သည်းညှာရှင် (Completed)Where stories live. Discover now