မောင့်သည်းညှာရှင် အပိုင်း ၉

8K 882 42
                                    

Uni

မောင့်သည်းညှာရှင် အပိုင်း ၉

မောင်က သည်းညှာဖောက်ပေးတဲ့လမ်းကိုလျှောက်လှမ်းဖို့ သင်တန်းတွေ စတက်နေပြီ..။

အချိန်အားဖြင့် တစ်ပတ်ကြာသွားလေပြီ...။သို့ပေမယ့် မောင်ရှိရာ Ent ကို သည်းညှာ ခြေမချဖြစ်သေး..။

ဒီနေ့တော့ နေ့လည်ပိုင်းအားသည်မို့ မောင့်မျက်နှာနဲ့မောင့်ရဲ့တိုးတက်မှူတွေကို ခဏ သွားချောင်းကြည့်ရမည်..။မောင့်ကို Time Ent ပိုင်ရှင်အနေနဲ့မဟုတ်ပဲ အပြင်လူအနေနဲ့သာ ချည်းကပ်ဖို့ တွေးထားသည်..။

လေရာ့ကိုဖုန်းဆက်ပြီး သင်တန်းဆရာအား အကျိူးအကြောင်း ပြောပြထားဖို့နဲ့အကိုတစ်ယောက်အနေနဲ့ မိတ်ဆက်ပေးဖို့ကြိုပြောထားရသည်..။မောင့်ရှေ့ရောက်လို့တလွဲတွေဖြစ်ရင် သည်းညှာပဲရင်ကွဲရမှာ...။မောင့်စိတ်ထဲမှာ sponsorပေးခံရတယ်ဆိုတဲ့အသိကြီး၀င်သွားမှာ သည်းညှာ သိပ်စိုးရိမ်သည်...။

သည်းညှာအနေနဲ့ မောင့်ကို တစ်ခဏစာသာယာဖို့အတွက် ချည်းကပ်ခဲ့တာမဟုတ်လို့ ငွေနဲ့ချုပ်ကိုင်တယ်လို့မထင်စေချင်ပေ...။အလိုလိုတောင် မောင်ကချမ်းသာသူတွေကိုရွံ့မုန်းနေတာမဟုတ်လား...။

သည်းညှာက မောင့်ကိုအကြာကြီးမခွဲတမ်းချစ်သွားချင်တာ...။လုံး၀မဝေးကွာလိုပေ....မခွဲနိုင်ပေ...။

ကားကိုအရှိန်သင့်ရုံမောင်းလာပေမယ့် စိတ်ကမောင့်ဆီကြိုရောက်နေပြီ....။

သည်းညှာ..မောင့်ကို တွေ့ချင်ပြီ... ပြီးတော့...အဟင်း..။

သည်းညှာ ကိုယ့်အတွေးနဲ့ကိုယ် ရှက်နေမိသည်..။သည်းညှာတော့ မောင့်ကြောင့် အရူးလုံးလုံး ဖြစ်နေပါပြီ..။

Ent ရှေ့ကားရပ်လိုက်တော့ လေရာက ထွက်ကြိုသည်..။

''ကိုလေး ကျွန်တော် ပြောထားတယ် ....''

''okok''

သင်ကြားရေးခန်းမ ရှိရာ ၅ ထပ်ရောက်သည်နှင့် ရင်တွေက တဒိန်းဒိန်း..။ချိန်းရိုက်ပွဲတွေ နွှဲလာတာ ရင်ခုန်ဖို့နေနေသာ မျက်နှာတောင်မပျက်သူက အခုတော့ လက်တွေအေးစက်လို့....။

မောင့်သည်းညှာရှင် (Completed)Where stories live. Discover now