မောင့်သည်းညှာရှင် အပိုင်း ၃

13K 1.2K 64
                                    

Uni

မောင့်သည်းညှာရှင် အပိုင်း ၃

''တီတီတီတီတီ''

သည်းညှာမရပ်မနားမြည်နေတဲ့ နိုးစက်သံကြောင့် မျက်လုံးတို့ပွင့်လာရသည်..။မျက်လုံးမဖွင့်မိသေးပဲ အိပ်ယာဘေး စားပွဲပေါ်ကို လက်နဲ့စမ်းကာ နိုးစက်ကိုပိတ်လိုက်ပြီး..၅မိနစ်လောက်ပြန်မှိန်းနေမိသည်..။

၅မိနစ်ပြည့်သည်နှင့် အိပ်ယာပေါ်က လူးလိမ့်ထကာမီးဖွင့်လိုက်သည်..။အိပ်ယာခင်းတွေဆွဲဆန့် စောင်ကိုနေရာတကျထား...ခေါင်းအုံးတွေပြန်စီပြီး ပြေးစက်ပေါ် ၁၅မိနစ်လောက် ပြေးလိုက်သည်..။ချွေးသိပ်အောင်ခဏနားပြီး ရေချိူးခန်းထဲဝင်ဖို့ပြင်တုန်း...ဖုန်းမြည်လာသည်..။

ပြေးကြည့်လိုက်တော့ ဟိုခြောက်ပေကောင်..။

''ဟလို...''

''မောနင်း ကိုကို မောင် အိမ်ရှေ့ရောက်နေပြီနော်...ဖြေးဖြေးအေးအေးပြင်ခဲ့...''

''ဟမ်...အစောကြီးရှိသေး...''

သည်းညှာ ဖုန်းထဲကလူရဲ့ပြောစကားကြောင့် မျက်လုံးလေးပြူးကာ နာရီကိုမော့ကြည့်တော့ ၆နာရီခွဲရှိသေး..။လိုက်ကာကိုအပြေးဖယ်ကာ လှပ်ကြည့်မိတော့ ညကသော့ပေးထားတဲ့သည်းညှာ ဆိုင်ကယ်ပေါ်မှာနောက်ပြန်တက်ထိုင်ရင်း သည်းညှာအခန်းဆီလှမ်းကြည့်နေသူ...။ သည်းညှာကိုမြင်တော့ လက်လှမ်းပြနေသေးသည်..။

ဟာ ဒီလောက်အေးနေတာကို အဲ့ခွေးကောင်ကအအေးပြီးဆေးများထိုးထားတာလား...။

''အား.........ကိုကို...''

ရုတ်တရတ်ထအော်လိုက်တာကြောင့် သည်းညှာ နားပိတ်ထားလိုက်မိသည်..။ဘေးက ပဲပြုတ်သည်တွေကလည်းလှည့်ကြည့်လှည်ကြည့်နဲ့ ။ဒီကောင်မနက်အစောကြီး မရှက်ဘူးလားအော်နေတာ...။

''ဘာ..ဘာဖြစ်တာလဲ...အလန့်တကြား...''

''ကိုကိုက bathrobe ကို လုံအောင်ကြိုးချည်မထားဘူး...အသားဖြူဖြူတွေမြင်နေရတယ်...အခုလိုက်ကာပိတ်...''

ထိုအခါမှလျော့တိလျော့ရဲဝတ်ထားမိတဲ့ bathrobe ကိုသတိထားမိကာ လိုက်ကာ အတင်းပိတ်လိုက်သည်..။ဒီကောင် တကယ်နှာဘူး..။

မောင့်သည်းညှာရှင် (Completed)Where stories live. Discover now