မောင့်သည်းညှာရှင် အပိုင်း ၁၅

8K 775 71
                                    

Uni

မောင့်သည်းညှာရှင် အပိုင်း ၁၅

သည်းညှာ ဒီနေ့ မန္တလေး ရောက်နေတာမနက်ကတည်းက..။မောင်က ချစ်နိုင်မိုးရဲ့ကော်ဖီဆိုင်မှာ ဆိုင်ကြော်ငြာအတွက်ဓာတ်ပုံရိုက်နေသည်လေ...။

မောင်နဲ့မတွေ့ရတာ တစ်လရှိပြီ..။ဖေဖေက ရန်ကုန်ကိုခေါ်သည်မို့ အလုပ်ကိစ္စခဏသွားရသည်မဟုတ်လား..။

မနက်ကရန်ကုန်ကပြန်အရောက်စစ်ကိုင်းမပြန်တော့ပဲ မောင့်ရဲ့ဓာတ်ပုံရိုက်ကွင်းဆီလာနေနေတာ..။

မောင့်ဖုန်းကိုယူပြီး ဂိမ်းဆော့နေတုန်း...sms တစ်စောင်ဝင်လာသည်...။ဖုန်းနံပါတ်မှတ်မထားသည့်နံပါတ်စိမ်း...။ဖတ်ကြည့်လိုက်တော့ မောင့်ရဲ့Exဆီကမို့ သည်းညှာ လက်သီးဆုပ်လိုက်မိသည်..။

ဘာတဲ့....တိုင်း ကေလေ တိုင်းဆီပြန်လာချင်လို့ ပြန်လက်ခံမလားဟင်...Fb accက ကေ့ကို Block လိုက်တာလား...တဲ့...

ဟိုလွတ်တဲ့ငါးကြီးမပဲ...သည်းညှာ မောင့်ရည်းစားဟောင်းကိစ္စကို အကြောင်းစုံ စုံစမ်းထားပြီးသား။မောင့်ကို ဘယ်လိုနှိမ်ပြီး အရှက်ခွဲပြီး စွန့်လွှတ်လိုက်တယ်ဆိုတာလည်း သိပြီးသား..။

အဟင်း...မောင့်ဘာသာရှင်းစမ်း...။သည်းညှာ လွှတ်ပေးထားလိုက်မယ်...။စာလည်းပြန်မရေးလိုက်ပဲ ဟန်မပျက်ဂိမ်းသာဆော့နေလိုက်သည်..။

တိုင်း ဓာတ်ပုံရိုက်နေပေမယ့် အကြည့်တို့က ကိုကို့ဆီရောက်နေတာမို့ မျက်နှာတစ်ချက်တင်းပြီး လက်သီးဆုပ်သွားတာလှစ်ကနဲမြင်လိုက်ရသည်..။ဘာဖြစ်လို့ပါလိမ့်...။ဓာတ်ပုံရိုက်ပြီးသည်နှင့် ကိုကို့အနားဆီပြေးကာ...

''ကိုကို့''

''ဗျာ မောင်''

''ဘာဖြစ်လို့လဲဟင်..အစောကကိုကိုမျက်နှာပျက်သွားတယ်..''

''အင်း..ဖုန်းထဲစာဝင်လာတယ် ကြည့်လိုက်အုံး..''

သည်းညှာ ၀င်လာတဲ့စာရဲ့ဖြူသည်မဲသည်မပြောပဲ ဖုန်းကိုသာလက်ထဲထည့်ပေးလိုက်သည်...။တိုင်း smsထဲ ဝင်ကြည့်လိုက်ပြီး တောက်တစ်ချက်ခေါက်လိုက်သည်...။

ဂန်းတာမ...ပြဿနာလာရှာပြန်ပြီ..။

''မောင် သူ့ဖုန်းတွေအကုန် block ထားတာ..ဒါပေမယ့်..ကဒ်အသစ်တွေနဲ့တောက်လျှောက်ပဲ.... မောင်က ကိုကို့ပဲချစ်တာ ယုံတယ်မလား...''

မောင့်သည်းညှာရှင် (Completed)Where stories live. Discover now