မောင့်သည်းညှာရှင် အပိုင်း ၁၆

7.4K 772 17
                                    

Uni

မောင့်သည်းညှာရှင် အပိုင်း ၁၆

တိုင်း ကိုချစ်မိုးနိုင်က သူ့ကော်ဖီဆိုင်မှာ ပါဆယ်ပုံးရောက်နေကြောင်းဖုန်းဆက်လာသည်မို့ဆိုင်ကယ်တက်ခွကာထွက်လာခဲ့သည်...။

ကိုကိုက ရန်ကုန်ရောက်နေတာ တစ်ပတ်လောက်နေရှိပြီ...။ကိုကို့ဒယ်ဒီကအလုပ်ကိစ္စနဲ့စင်ကာပူထွက်သွားတာမို့ ရန်ကုန်ကအလုပ်တွေကိုခဏတဖြုတ်သွားဦးစီးလုပ်ကိုင်ပေးနေရခြင်းသာ...။

တိုင်းသည်လည်း ကြော်ငြာရိုက်ကွင်းပြေးလိုက်...ဓာတ်ပုံshotting​အတွက်နယ်ဘက်ဆီခရီးထွက်လိုက်နဲ့ အားလပ်မနေ...။နောက်လ ၁၅ရက်နေ့ကျရင်လည်း ပြင်ဦးလွင်မှာ Outdoor ရှိသည်မို့ ကိုပြည့်က ဒီလရဲ့နောက်ဆုံးရက်သတ္တပတ်ကိုနားရက်ပေးထားသည်...မဟုတ်ရင် အခုလိုသွားဖို့လာဖို့အချိန်ရမည်မဟုတ်ပေ...။ကိုကိုနဲ့အလွမ်းသည်ဖို့တောင်အနိုင်နိုင်အားရသည်...။

မနေ့ကဖုန်းဆက်တော့ ရန်ကုန်ကအပြန် ပြင်ဦးလွင်ကို တခါတည်းဝင်တွေ့မည်ဆိုတဲ့ ကိုကို့စကားကြောင့် တိုင်းမှာ စိတ်တွေချမ်းသာနေရသည်..။V callလေးနဲ့တင်ကျေနပ်နေရတာ ကြာပြီမဟုတ်လား...။တိုင်းရဲ့ညိုးငယ်နေတဲ့မျက်နှာမြင်တော့ အလွမ်းပိုနေတာသိနေသည့်ကိုကိုကသူပင်ပန်းမည့်အရေးကိုတောင်ဂရုမစိုက်ပဲ တိုင်းပျော်ရွှင်ဖို့အရေးပိုတွေးပေးရှာသည်...။

ကိုကိုက ချစ်စရာကြီး..။အလိုက်သိတယ်..။ရုပ်ချောတယ်..။ပြီးတော့ တိုင်းကိုလည်း အများကြီးချစ်ပေးတယ်..။

ကော်ဖီဆိုင်ရောက်တော့ ဆိုင်ကယ်ပေါ်ကမဆင်းတော့ဘဲ....ဆိုင်ပေါက်၀၌သာရပ်နေလိုက်ပြီး ကိုနိုင်လာအပို့ကိုသာစောင့်ယူလိုက်သည်...။ဆိုင်ကယ်မှန်ကိုဖွင့်လိုက်ပြီး အနားရောက်လာတဲ့ကိုနိုင့်လက်ထဲကပါဆယ်ပုံးကိုယူလိုက်ရင်းပခုံးကိုအသာပုတ်လိုက်ပြီး...

''ကျေးဇူး ..ကိုနိုင်...အချိန်မရလို့မထိုင်တော့ဘူး...''

''အေးအေး..တိုင်း ဖြေးဖြေးမောင်းသွားအုံး..''

ခေါင်းတစ်ချက်သာငြိမ့်ပြခဲ့ပြီး တိုင်း ပြန်ထွက်လာခဲ့လိုက်သည်..။သူဒီနေ့ သီချင်း ၂ပုဒ် အသံသွင်းရမည်မို့ အချိန်လင့်မသွားစေလို...။တကယ်တမ်း ပြင်ဦးလွင်ကအပြန်မှ အသံသွင်းဖို့ကိုပြည့်ကပြောပေမယ့် ကိုကိုရောက်ချိန်ကျအချိန်ပေးလည်ပတ်ပေးချင်တာမို့ အလုပ်ကိစ္စတွေအပြီးဖြတ်ပစ်နေတာပင်...။

မောင့်သည်းညှာရှင် (Completed)Where stories live. Discover now