မောင့်သည်းညှာရှင် အပိုင်း ၂၄ 🚨🚨(Final)

15.5K 863 55
                                    

Warning🚨

Uni

မောင့်သည်းညှာရှင် အပိုင်း ၂၄(Final) Warning 🚨🚨

''ကဲ...မှာကြ..အကြိုက်မှာ...ငါတို့ကပြန်တော့မယ်...''

ထိုင်တောင်မထိုင်ရသေးပြန်ဖို့ပြောနေသူကို ကြည့်ပြီး လေရာရယ်နေလိုက်မိသည်..။ငါသိနေတယ်နော..အဟင်း..အဟင်း..။

''ဟမ်..အခုမှရောက်တာလေ မောင်ရဲ့...ငါသောက်အုံးမှာ...''

တိုင်း မျက်နှာလေးငယ်ပြကာ...

''ကိုကိုကလည်း မောင်နဲ့တူတူ အခန်းမှာပဲသောက်ရအောင်လေနော်..စိတ်ကြိုက်ဝယ်တိုက်မယ်...''

''မရပါဘူး..ငါ သူတို့ပဲလည်းသောက်ချင်တာ.....အခန်းရောက်ရင်လည်း ထပ်သောက်ပေးမယ်လေ နော်..လေရာ..မှာလိုက်တော့...မနည်းစေနဲ့..''

တိုင်း ကိုကို့အပြောကြောင့် မျက်လုံးပြူးသွားရသည်..။အံမယ် မနည်းစေနဲ့တဲ့...သောက်နိုင်တာကျနေရော..။ကိုကိုက တစ်ခါမှမသောက်ဖူးတာ သူသိနေတာပဲ..။တိုင်း ကိုလေရာ့ကို မျက်စပစ်ပြလိုက်ကာ ခပ်များများတိုက်ခိုင်းလိုက်သည်..။ပြီးရင်..အဟင်းဟင်း ရမယ်..။

လေရာ တိုင်းကအသံတိတ်မျက်ရိပ်ပြလာကြောင့် ကြောင်သွားရသည်..ပြီးမှ ဆိုလိုရင်းကိုသဘောပေါက်လိုက်သည်မို့ ခပ်ဟဟရယ်မိသည်...။

တိုင်း ကိုလေးအကြောင်းမသိသေးဘူးပဲ..။စည်လိုက်မော့ရင်တောင် မမူးတက်သော ဘီယာဂျိူးဆိုတာ..။ငါရင်လေးတယ်..ဒီနေ့ညအခြေအနေကဖြင့် မူးပြီးအစားခံရမှာ ဘယ်သူဆိုတာ လေရာရိပ်မိကာသိနေသလိုပဲ..။

တိုင်း..တစ်ခွက်ပြီးတစ်ခွက်ထည့်သောက်နေသည့် ကိုကို့ကိုကြည့်ကာ မျက်လုံးပြူးနေမိသည်..။ကြွတ်တွင်းလိုသောက်နေတာ ၈ခွက်ကုန်ပြီ ယိုင်တောင်ယိုင်မလာသေး..။တိုင်းကတော့ သူလည်း သောက် ကိုကိုလည်းထည့်ပေးရင်း ရီဝေဝေဖြစ်လာပြီ..။

သောက်ရင်းငဲ့ရင်းနဲ့ တိုင်း ၆ခွက်မြောက်မှာ မှောက်သွားလေပြီ..။

''မောင် နောက်တစ်ခွက်ထည့်ပေး...မောင်..ထည့်...ထည့်..ပေး....အာ..မူးသွားတာလား..''

သည်းညှာ ကိုပြည့်တို့နဲ့သောက်လိုက်စကားပြောလိုက်လုပ်နေရာမှ ဘေးကလူငြိမ်သွားတာကြောင့်လှည့်ကြည့်လိုက်တော့ ခုံပေါ်ခေါင်းတင်ကာမှောက်နေသူ..။သည်းညှာ ခပ်တိုးတိုးရယ်ကာ...

မောင့်သည်းညှာရှင် (Completed)Where stories live. Discover now