H 1

696 74 24
                                    

လူဆိုတာတစ်ယောက်တည်းနေလို့မရဘူး။
တစ်ယောက်တည်းရှင်သန်လို့ရပေမဲ့
တစ်ယောက်တည်းနေလို့မရဘူး။

တစ်ယောက်နဲ့တစ်ယောက်ချိတ်ဆက်နေမှ ပတ်ဝန်းကျင်နဲ့လူမှုအသိုင်းအဝိုင်းဆိုတာဖြစ်ပေါ်လာတာပဲမဟုတ်လား။

ကျွန်တော်ခံယူထားတဲ့လောကကြီးကအဲ့လိုပဲ။

လူတွေဟာတစ်ယောက်တည်းရှင်သန်ရပ်တည်ဖို့ကိုအများနဲ့အတူလေ့လာသင်ယူနေရတယ်။

+++++

" ဟိဟိ.. ဟားဟား မဆဲနဲ့တော့
မဆဲနဲ့တော့ "

" ဘောကိုမဆဲနဲ့လေ ခွေးသား "

နောက်ကျောဘက်ဝိုင်းကနေထွက်လာတဲ့ တခိခိရယ်သံ တွေကြောင့် Kris လှမ်းသတိထားလိုက်မိပေမဲ့ လှည့်မကြည့်ပဲ ပြောလက်စ စကားကိုဆက်ပြောဖို့ပြင်တော့ ထပ်ထွက်လာတဲ့အသံတွေ။

" ကယ်..ကြပါ!!! အား သေတော့မယ် ရယ်ရလို့ "

ကျယ်ထွက်လာတဲ့အော်သံကြောင့် ခေါင်းလေးစောင်းရုံငဲ့ကြည့်တော့ သူ့အဖြစ်ကိုသတိထားမိသွားတဲ့ Jongin က သူကြည့်တဲ့နေရာဆီလိုက်ကြည့်ရင်း ဪ ဆိုပြီးအသံပြုတယ်။

မြင်လိုက်ရတဲ့မြင်ကွင်းဟာ ထင်မထားတာတော့အမှန်ပဲ။ စားပွဲနှစ်ခုဆက်ပြီး ဆယ်ယောက်ကျော်လောက်ရှိတဲ့လူအုပ်ထဲ ကိုယ်တွေဝိုင်းကိုနောက်ကျောပေးထားတဲ့ ကျောပြင်တွေထဲကမှ ငွေမှင်ရောင် ခေါင်းဖြူပိုင်ရှင်က တစ်ကိုယ်လုံးတွန့်လိမ်လို့ စားပွဲကိုလည်းရိုက် ဘေးကလူကိုလည်းရိုက်ရင်းအော်ဟစ်ရယ်မောနေတယ်။

တစ်ဆိုင်လုံးနီးပါးကလူတွေသူတို့ကိုကြည့်နေတာလည်း သတိထားမိပုံမရပဲ စကားတွေလုပြောလိုက် တချက်တချက်ထဆဲလိုက်နဲ့။

ရုပ်ပေါက်လိုက်တာ။

Kris ခေါင်းကိုပြန်လှည့်လိုက်ရင်း ရှေ့က Americano ကိုတစ်ငုံသောက်လိုက်တယ်။ အသံကျယ်တဲ့တစ်ယောက်မျက်နှာတော့မမြင်လိုက်ရပေမဲ့ ကျန်တဲ့မျက်နှာလေးတွေအရ ကလေးတွေဖြစ်မယ့်ပုံ။

" အဲ့တာ ပထမနှစ်တွေလေ "

" ကျစ် "

Jongin အပြောကိုထင်သားပဲဆိုပြီးအသံပေးလိုက်တော့ ဘေးက Jin Goo ကပြုံးစိစိနဲ့

HANDSWhere stories live. Discover now