H 16

303 47 8
                                    

" Yeji မေးခွန်းဟောင်းတွေ အကုန်စုပြီးပြီ
ဘာမှမကျန်ရင် ငါ Canteen သွားတော့မယ် "

" သွား.. သွား
ကျန်တာငါတို့ဆက်လုပ်လိုက်မယ် "

PCY : Library မှာ

နှစ်တစ်နှစ်ရဲ့ 1st Sem နီးပြီမလို့ ကျောင်းရှိလူတိုင်းအလုပ်ရှုပ်နေကြတဲ့အချိန်မှာ Kris ကတော့ ဖုန်းမျက်နှာပြင်က Message လေးကိုကြည့်ပြီး လွယ်အိတ်တောင်မယူပဲ ပြေးနေမိပြီ။ လက်ထဲမှာလည်း ခုလေးတင်ဝယ်လာတဲ့ အသားညှပ်ပေါင်မုန့်တစ်ခုနဲ့ Americano ခပ်အေးအေးတစ်ခွက်ကိုကိုင်ထားလျက်သား။

Library ရှေ့မှာထင်းထွက်နေတဲ့ လိမ္မော်ရောင်ခေါင်းလေးကိုမြင်ရချိန်မှာတော့ မသိလိုက်မိပဲပြုံးမိသွားတာခပ်ကြီးကြီး။ အရင်အပတ်ကမှ ဘာစိတ်ကူးပေါက်ပြီးပြောင်းလိုက်ပြန်ပြီလဲမသိတဲ့ ခေါင်မိုးအသစ်နဲ့တာဝါတိုင်လေး။

" ဆောရီး နောက်ကျသွားတယ် "

" စာလုပ်ပါဆို ကျွန်တော့်ဆီကိုပဲလာနေတယ်
နောက်နေ့ ကျောင်းမလာတော့ဘူး အဲ့လိုပဲဆက်လုပ်မယ်ဆိုရင် "

ဘယ်လိုပဲဆူပုတ်နေပါစေ လက်ထဲကပေါင်မုန့်နဲ့ကော်ဖီခွက်ကိုတော့ဆွဲယူပြီး ထိုင်ခုံမှာထိုင်ချလိုက်တဲ့ ချာတိတ်။ Training ပါမရှိတော့တာမလို့ တွေ့ရတဲ့အချိန်ပိုနည်းသွားတာကို ရူးမတတ်လွမ်းမိတဲ့ဒီကောင့်ကိုတော့ ဒီလိုတွေပြောတတ်တာလည်း ခဏခဏ။

" ဒါဆို အိမ်လိုက်ခဲ့မယ်လေ "

" အာ.. စီနီယာ!! "

" ဟိတ် မအော်နဲ့လေ မင်းအသံချည်းပဲ "

" အခုလာပြီးပြီဆို ပြန်တော့ "

" ခဏတော့ထိုင်ပါရစေဦး စွတ်မောင်းထုတ်နေတယ် "

" မဟုတ်ပါဘူး စီနီယာရော မစားဘူးလား "

" မင်းပဲအတူတူမစားဘူးဆို ကိုယ့်ဘာသာပြီးမှစားလိုက်မယ် "

ပေါင်မုန့်ကိုကိုက်ထားရင်းနဲ့ သူ့ကိုကြည့်ပြီး အကြီးအကျယ်တွန့်ချိုးလာတဲ့မျက်ခုံးတွေကြောင့် Kris ထိုင်နေရင်း နောက်ကိုပါယောင်ပြီးဆုတ်လိုက်မိတယ်။ Chanyeol ရဲ့မထင်ရင်မထင်သလို ထိုးတတ်ရိုက်တတ်တဲ့အကျင့်က သူစိတ်မကြည်တဲ့အချိန်မှာဆို ပိုဆိုးနိုင်တာမလို့။

HANDSWhere stories live. Discover now