H 12

246 53 27
                                    

' မင်းအဆင်မပြေတဲ့အချိန်တွေတိုင်း မင်းအနားမှာရှိချင်ပြီး မင်းကိုသဘောကျတဲ့လူတစ်ယောက်ရှိနေတယ်ဆိုတာလေးကို ကိုယ်ကသိစေချင်ရုံပါ '

ဘယ်လိုပဲခေါင်းခါငြင်းဆန်နေပါစေ သူ့ခေါင်းထဲကထွက်မသွားတဲ့စကားသံတွေကြောင့် Chanyeol တုန်လှုပ်မိတယ်။

ဒီလိုခံစားချက်ကြီးကို သူကြောက်ပါတယ်။ ကိုကိုနဲ့တုန်းကလို အရာရာကိုဒီလူဆီမှာပဲဖြေရှင်းလို့ရသလိုမျိုး ဒီလူအပေါ်ကိုပဲမှီခိုချင်စိတ်တွေ အတ္တတွေလောဘတွေရောထွေးနေတာမျိုး Chanyeol တကယ့်ကိုပဲ ရူးသွားချင်မိတယ်။

ဒီစကားတွေဟာ သူ့အတွက် ကိုကို့ကိုပိုပြီးသတိရစေတာကို စီနီယာတကယ်ပဲမသိတာလား။ အဲ့ဒီအစားထိုးမရနိုင်တဲ့သူကို ဘယ်လိုများမေ့နိုင်မတဲ့လဲ။ ဒီလူအတွက်ပဲအသက်ရှင်ဖို့ဆုံးဖြတ်ထားပြီး ရူးလောက်အောင်ချစ်ခဲ့ရသူက သူပါ။ တစ်ဘဝလုံးပေးထားခဲ့ပေမဲ့ ဘာမှမဟုတ်သလိုမျိုး ပစ်ချခံလိုက်ရတာလည်း သူပါပဲ။

ဒါကိုတောင် ဘာလို့များ သူ့ကိုထပ်ပြီးမျှော်လင့်နေကြတာလဲ။

Ting*

Kris : တကယ်ဗိုက်မဆာဘူးလား

အိမ်မှာထမင်းမစားဘူးဆိုတာကို လွှတ်ခနဲပြောသွားမိလို့ အဲ့အကြောင်းသိကတည်းက မနက်စာရော နေ့လယ်စာရော ညစာရောကို Chanyeol စားမစား အရေးတယူလိုက်မေးတတ်တာ နဂိုအရင်းခံကိုက သူကဒီလိုဂရုစိုက်တတ်သလားတော့မသိပါ။

​ဒီအကြောင်းတွေးမိတော့ နေ့လယ်က အတန်းထဲတကူးတကရောက်လာတဲ့ အသားညှပ်ပေါင်မုန့်ကိုပြေးမြင်မိပြန်တာ။

PCY : ကျွန်တော်ပြောစရာရှိတယ်

ခုနက အိမ်ရှေ့အထိ သူ့စကားတွေကြောင့် စွံ့အနားမကြားလို ကြောင်အ နေခဲ့တာရော သူပြောချင်တာတွေအကုန်ပြောပြီး စိတ်လက်ပေါ့ပါးစွာနဲ့ထွက်သွားတဲ့စီနီယာကြောင့်ရော Chanyeol ဘာတစ်ခွန်းမှမတုန့်ပြန်ခဲ့ရ။ စိတ်ရှုပ်ရှုပ်နဲ့ ဖုန်းမျက်နှာပြင်ပေါ်ကလက်တွေဟာ မြန်ဆန်နေတာများ ပြုတ်ထွက်သွားတော့မယောင်။

Kris : ကိုယ်ဖုန်းခေါ်လိုက်ရမလား

သူ့အပြစ်သူသိသလို ချက်ချင်းဝင်လာတဲ့ ဖုန်း ကို Chanyeol ချက်ချင်းကိုင်လိုက်တော့ ခပ်တိုးတိုးထွက်လာတဲ့သူ့အသံ။

HANDSWhere stories live. Discover now