H 17

282 45 6
                                    

Warning : Internalized Homophobia, Wounded Innerchild, Mental Abuse

" မွေးနေ့ကိုဂုဏ်ပြုပါတယ် Sehun "

လက်ထဲက သေချာထုပ်ပိုးထားတဲ့လက်ဆောင်ဘူးလေးကို Sehun ဆီကမ်းပေးလိုက်ရင်း Kris တစ်ခါတည်းပြောလိုက်တော့ မျက်လုံးတွေမှိတ်ကျတဲ့အထိပြုံးပြတဲ့ကောင်လေး။

" ကျေးဇူး Hyung "

လက်ကိုဆွဲပြီး ဆိုင်ခန်းထဲဆွဲခေါ်သွားတာကြောင့် သူငြင်းချိန်တောင်မရလိုက်ပဲ ပါသွားပြီးမှ ဆိုင်အတွင်းထဲ တစ်ဆိုင်လုံးငှားထားသလားမသိတဲ့ Sehun ရဲ့ မွေးနေ့ပွဲ။

" ဒီမှာ ခဏထိုင်ဦးလေ
ကျွန်တော် စားဖို့သွားယူပေးမယ် Minho Hyung တို့ကဟိုနားမှာ "

စားပွဲဝိုင်းကြီးကြီးရှည်ရှည်နှစ်ခုတည်းသာရှိပေမယ့် ဆိုင်ထဲပြည့်ကျပ်နေသယောင်စုနေတဲ့လူတွေထဲ Kris ရင်းနှီးတဲ့ကျောပြင်တွေဟာအများသား။

" Sehun "

" ဗျာ "

" ကိုယ်ကိစ္စလေးရှိလို့ ပြန်တော့မယ် "

" အာ.. Hyung "

ညိုးကျသွားတဲ့မျက်နှာကြောင့် Kris စိတ်ထဲအားတုံ့အားနာဖြစ်သွားမိတယ်။ ဒီပွဲကိုသူမလာချင်လို့ လက်ဆောင်ကိုတောင် Minho နဲ့ပေးလိုက်မလို့ကို အဆင်မပြေလို့သာ။
Jongin တို့ကတော့ တမင်ကိုယူသွားမပေးပဲ စောက်ကျင့်ယုတ်တာ။

" ဆောရီးပါကွာ "

" မရဘူး.. မသောက်ရင်တောင် စားပြီးမှပြန်ဗျာ "

မတတ်သာတဲ့အဆုံးခေါင်းငြိမ့်ပြလိုက်တော့မှထွက်သွားတဲ့ Sehun ကိုလိုက်ကြည့်နေရင်း ဖြတ်ခနဲမြင်လိုက်ရတဲ့ ဘေးတစောင်းပုံရိပ်လေးက လူကြားထဲမြင့်စွင့်နေတဲ့အရပ်နဲ့ ထင်းထွက်နေတဲ့နားရွက်တွေ။

Kris အသက်ရှူသံတွေအစီအစဉ်တကျပြန်ဖြစ်ဖို့ကိုအာရုံစိုက်လိုက်ရင်း ရှေ့ကဖန်ခွက်ထဲကရေတွေကိုမော့သောက်လိုက်တော့ ရှတတစီးဝင်သွားတဲ့ အထိအတွေ့။

ကျစ်..

​ဒီလိုပါတီမှာ ရေခွက်ချပေးထားမယ်လို့ထင်မိတဲ့သူ့ဆင်ခြင်တုံတရားကိုသာခပ်နာနာအပြစ်ဖို့ရင်း Kris ခပ်တိုးတိုးစုတ်သပ်လိုက်မိတယ်။

HANDSWhere stories live. Discover now